ရှုမငြီးသော နတ်ဆေးရှင် (၃၇)
~~~~~~~~~~~~~~~~~~~~~~'ငါ အရူးမျိုးစုံ တွေ့ဖူးပါတယ်၊ ဒါပေမဲ့ ဒီစိတ္တဇမလို လူတော့ တစ်ခါမှ မတွေ့ဖူးဘူး၊ သူကတော့ ရန်သူရှေ့မှာကို ဟာကွက်တွေ ဖော်ပြီး နေနေလိုက်တာ...!'
သူမ ဘာတွေ ကြံနေသလဲ ချင်းချန် နားမလည်နိုင်တော့ဘူး။ ဒါပေမဲ့ ဟွေ့ရွှယ်နဲ့ လျိုဖုန်းကို သူမ တောင်ခြေမှာ ဘာလို့ ထားခဲ့သလဲဆိုတာကိုတော့ သဘောပေါက်သွားခဲ့ပြီ။ — သူမ အရူးထတာကို တားမဲ့သူ မရှိအောင်လို့လေ။
မင်ရှု အပြုံးက ပိုပိုပြီး ထူးဆန်းလို့လာတယ်။ သူမ ခြေထောက်ကို ကျက်သရေရှိရှိ ကြွလှမ်းလိုက်ပြီး နဂါးမျိုး မြွေဆီကို လျှောက်သွားလေတယ်။ "ဘာလဲ၊ အခုကျမှ ကြောက်နေပြီလား၊ ပြောတော့ နင် တစ်ခါမှ နောင်တမရဖူးဘူးဆို၊ အခု နောင်တစရချင်နေပြီလား"
"မင်း ဘာတွေ တွေးနေတာလဲ...!" ချင်းချန် မင်ရှုဆီကို ပြေးသွားလိုက်ပြီး သူမ ဆက်သွားလို့ မရအောင် လမ်းပိတ်ထားလိုက်တော့တယ်။
'ငါ မင်းကို လိုအပ်သေးတယ်...
ဆေးကုပေးဖို့...!
ငါ့ကို အရင်ဆေးကုပေးရမယ်၊ ပြီးတော့မှ လုပ်ချင်တာလုပ်၊ သေတွင်းတူးတာလဲ ဆေးကုပြီးမှ လုပ်...'
ဒါပေမဲ့ မင်ရှုကတော့ သူ့ကို စက္ကန့်ပိုင်းလေးပဲ လှည့်ကြည့်ပြီး နောက်တော့ မသိကျိုးကျွံပြုလိုက်ကာ နဂါးမျိုး မြွေဆီကိုပဲ ဆက်သွားနေတော့တယ်။ "နင့်မှာ အခွင့အရေးတစ်ခါပဲ ရမှာနော်၊ ဒီအခွင့်အရေးကို လွတ်သွားရင် နောင်တရတယ်ဆိုတာ ဘာလဲ ခံစားတွေ့ကြုံခွင့် ရှိတော့မှာ မဟုတ်ဘူး၊ အခွင့်အရေး ကိုယ့်ရှေ့ကို ရောက်လာတာကို လက်လွှတ်မခံသင့်ဘူး၊ လာစမ်းပါ၊ ဒီရွာကိုကျော်ရင် ရှေ့မှာ ဈေးဆိုင်တွေ မရှိနိုင်တော့ဘူးနော်..."
မင်ရှု ရှေ့တိုးလာတော့ နဂါးမျိုး မြွေတောင် နောက်ကို အလိုလို ဆုတ်သွားခဲ့မိတယ်။ သူ လက်သီးတင်းတင်း ဆုပ်ထားရင်း ပြန်မေးတော့တာပေါ့။ "မင်းကို ငါ မသတ်နိုင်ဘူးများ ထင်နေတာလား"
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...