အမှန်တရားရဲ့ဘက်တော်သား (၁၁)
~~~~~~~~~~~~~~~~~~~~~~~~~~~~ကျောင်းကစားကွင်းကို သန့်ရှင်းရေးလုပ်တဲ့ ကိစ္စ၊ မင်ရှု လုပ်စရာလား။ မင်ရှု ခဏလောက်တော့ လုပ်ဖြစ်ပေမယ့် လုပ်တာကလည်း စတုရန်းပေ ၃ ပေပတ်လည်တောင် မပြည့်ဘူး။
'အာ၊ ဗိုက်ဆာလိုက်တာ...!'
"လုမုန်း၊ နင် ကစားကွင်းကို သန့်ရှင်းရေးလာလုပ်ပေးနေတာလား...?" ကျောင်းအုပ်ဆရာကြီးတို့ ရှိနေတဲ့ဘက်ကနေ ချန်ယန်နဲ့ အတန်းဖော်နှစ်ယောက်လျှောက်လာတယ်။ သူ မင်ရှုကို မျက်ခုံးပင့်ပြလိုက်ရင်း ပြောလိုက်တယ်။ "နင် ဒီလို လှည်းနေပုံနဲ့ ဘယ်ချိန်မှ ပြီးမလဲ"
ချန်ယန့်ဘေးနားက ကျောင်းသားနှစ်ယောက်လည်း တစ်ယောက်မျက်လုံး တစ်ယောက်ကြည့်ရင်း သူတို့ရှေ့က ကျောင်းသူလေးကို စူးစူးစမ်းစမ်း ကြည့်နေမိကြတော့တယ်။ 'တို့တွေရဲ့ Boss က အခုနောက်ပိုင်း ဒီကောင်မလေးကို စိတ်ဝင်စားနေပုံပဲ...' သူတို့ တွေးလိုက်ကြတယ်။
'အမှတ်ကောင်း အဆင့်ကောင်းတဲ့ ကျောင်းသူလေးကိုများ သူ ကြိုက်မိသွားတာလား...
Boss... boss တို့က ကမ္ဘာချင်း မတူဘူးနော်...!
မင်ရှုကတော့ ဒီလိုအရှုပ်ထုပ်တွေကို လှည်းထုတ်ပစ်လိုက်ချင်တာပါပဲ။
"ကျောင်းအုပ်ဆရာကြီးရှင့်၊ ဒီတစ်ယောက် သမီး တံမျက်စည်းလှည်းနေတာကို လာလာရှုပ်နေတယ်လို့..." ဖုန်းပွတ်နေတဲ့ ဆရာကြီးဆီ မင်ရှု လှမ်းတိုင်လိုက်လေတယ်။
ဆရာကြီး မော့ကြည့်လိုက်တော့ ချန်ယန်နဲ့ အပေါင်းအပါနှစ်ယောက်က မင်ရှုရှေ့မှာ ရပ်နေတယ်။ သူ့မျက်နှာ ချက်ချင်း ညိုမှုန်သွားတော့တာပဲ။ သူ ချန်ယန်တို့ဘက်ကို လျှောက်လာရင်း အော်တော့တယ်။ "ချန်ယန်၊ မင်း ဘာလုပ်တာလဲ"
". . ." 'နင် မကျေနပ်တာလေး ရှိတာနဲ့ တန်းတိုင်လိုက်တော့တာပဲလား...' ချန်ယန် တွေးလိုက်မိတော့တယ်။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...