ကောလဟလ ဘုရင်မ (၁၉)
~~~~~~~~~~~~~~~~~~~~~~နောက်ဆုံးတော့ ဖေဖေကျန့်ကပဲ ဆိုင်ရွေးလိုက်ရတယ်။ သူတို့အတွက် လူရှေ့သူရှေ့ သိပ်ထွက်ပြတာမျိုး မဖြစ်ချင်တော့ သီးသန့်ဆန်ပြီး အေးဆေးတဲ့ ဆိုင်ဖြစ်ဖို့ လိုတယ်။
မင်ရှုအတွက်ကတော့ အစာရတဲ့နေရာ ဖြစ်ဖို့ပဲ လိုတယ်။
"ညန်ညန်၊ ကုမ္ပဏီအခြေအနေကရော ဘယ်လိုလဲ..." အဖေကျန့်က မေးလိုက်တယ်။ သူ့သမီး အုပ်ချုပ်နေတဲ့ Entertainment ကုမ္ပဏီကြီး ဒေဝါလီခံလိုက်ရပြီလား သိချင်သွားလို့။
"ဒါတိုင်းလိုပါပဲ..." မင်ရှုကတော့ အမှုမဲ့ အမှတ်မဲ့ ပြန်ဖြေတယ်။ သူ့လောဘမျက်လုံးတွေက ဝက်ခြေထောက်ကနေ ခွာကို မခွာတော့ဘူး။
'ဟင်းလာချပေးတာကလည်း နှေးလိုက်တာ၊ ငါ ငတ်သေတော့မှာပဲ...'
ဖေဖေကျန့်ကတော့ မင်ရှုရဲ့ အရေးတယူမရှိ အမူအရာမျိုးကို မကျေမနပ်ဖြစ်မိတာပဲ။ ဒီတော့ သူ ခေါင်းငိုက်စိုက်နေတဲ့ ကျန့်ရွှင်ဘက်လှည့်မေးတော့တယ်။ "ရွှင်အာ၊ သားပဲ အဖေ့ကို ပြောပြတော့"
သူ့နာမည်ကြားတော့မှ ကျန့်ရွှင် ခေါင်းမော့လာပြီး မျက်နှာတည်တည်နဲ့ ပြန်ဖြေတယ်။ "ညန်ညန် စီမံခန့်ခွဲတာ ကောင်းပါတယ်"
"သား သူ့ကို ကာပြောပေးစရာမလိုဘူး... သူ ပေါ့ပေါ့တန်တန်နေပုံမျိုးနဲ့ဆို ဘာမှ ဖြစ်မြောက်နေမှာ မဟုတ်ဘူးဆိုတာ သိပြီးသား... သားတို့ ဝန်ထမ်းတွေ တော်တော်များများ ထွက်ကုန်ပြီဆို ဟုတ်လား" ဖေဖေကျန့် သူ့သမီးအကြောင်း သိတာပေါ့။
"ဟုတ်တယ်၊ ညန်ညန် စီမံခန့်ခွဲတာကတော့ တကယ်ကောင်းတယ်... ထွက်သွားတဲ့ ဝန်ထမ်းတွေနေရာမှာလည်း အသစ်တွေ ခန့်အပ်ထားပြီးပါပြီ... အခုချိန်မှာ အားလုံး ပုံမှန်အတိုင်း လည်ပတ်နေပြီ" 'ကျွန်တော်တို့ကို ကျင်းယွိက လိုက်ပိတ်နေတာလေး တစ်ခုပဲ...'
ဒါပေါ့၊ အဲ့ဒီနောက်ဆုံးတစ်ခွန်းကိုတော့ ကျန့်ရွှင် မြိုသိပ်လိုက်ရတာပေါ့။ ဒါပေမဲ့ ဖေဖေကျန့် ဒီလောက်စိတ်ဝင်စားနေပုံထောက်ရင် သိပြီးသားလည်း ဖြစ်နိုင်တယ်။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...