ရှုမငြီးသော နတ်​ဆေးရှင်​ (၄)

2.4K 538 18
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၄)
~~~~~~~~~~~~~~~~~~~~~~

မင်​ရှုကတော့ လက်​ထဲမှာ သစ်​ကိုင်းခြောက်​တစ်​ကိုင်းကိုင်​လျက်​ ထလာတယ်​။ ပိုင်ယန့်​ရန်​ရဲ့ လက်​ခုံကို အဲ့ဒီသစ်​ကိုင်းခြောက်​နဲ့ ရုတ်​တရက်​ ပိတ်​ရိုက်​လိုက်​တော့ အားလုံး အံ့သြသွားကြရတော့တယ်​။ "သူပြောတာက ငါပြောတာနဲ့ အတူတူပဲ... ငါ့လူကို လက်​ညိုးငေါက်​ငေါက်​ထိုးခွင့်​ ပေးထားမိလို့လား"

ပိုင်​ယန့်​ရန်​လည်း အထိနာသွားတော့ ကုန်းအော်​တယ်​။ သူ့လက်​ဖြူနုနုက ချက်​ချင်းကို ရဲတက်​ပြီး ယောင်​ကိုင်းသွားတာ။ ပိုင်​ယန့်​ရန်​ လက်​ကို အုပ်​ကိုင်​ထားလိုက်​ပြီး မီးဝင်းဝင်းတောက်​နေတဲ့ မျက်​လုံးတွေနဲ့ ပြန်​ကြည့်​တော့တာပဲ။ "နင်​ ငါ့ကို ရိုက်​ရဲတယ်​..."

'ဒီမိန်းမ ဘာဖြစ်​သွားတာလဲ၊ အရင်​ကဆို သူ ဘာပြောပြော လိုက်​လုပ်​ပေးခဲ့တယ်​လေ... ဒီတစ်​ခါ ဘာဖြစ်​လို့ သူ့အပြုအမူတွေက သိပ်​ထူးဆန်းနေတာများလဲ'

"ရိုက်​တယ်​ဟာ... ဘာဖြစ်​လဲ" မင်​ရှု ရယ်​နေလိုက်​တယ်​။ "ငါ နင့်​ကို မရိုက်​ရဲဘူးမှတ်​ပြီး ကိုယ့်​ဟာကိုယ်​ နတ်​မင်းကြီးများ မှတ်​သွားတာလား..."

'အရင်​တုန်းက ကျစ်​ပေါ်ကတော့ နင်​ ဆိုးသမျှ ပေသမျှ သည်းခံခဲ့တာပဲ၊ ဒါပေမဲ့ ငါကတော့ အဲ့လို ငြိမ်​ခံနေမယ့်​အစားထဲက မဟုတ်​ဘူး...' 

"ကျစ်​ပေါ်... နင့်​ကိုယ်​နင်​ ဘယ်​သူဆိုတာ မေ့သွားပြီလား..." သူက ရယ်​တောင်​ရယ်​ရဲလိုက်​သေးတယ်​။ ရယ်​စရာလည်း ဘာတစ်​ခုမှ ပါမနေဘဲနဲ့။

ပိုင်​ယန့်​ရန်​ ရင်​ထဲမှာ ဗလောင်​ဆူလာတယ်​။ သူ ဒေါသကြောင့်​ အသက်​ရှူသံတွေပါ မြန်​လာရောပဲ။

မင်​ရှုကတော့ မျက်​ခုံးသာပင့်​ပြလိုက်​တယ်​။ "အေး... ငါ ဘယ်​သူလဲဆိုတာ နင်​ ပြောကြည့်​ကြည့်​လေ..."

"နင်​က ငါ့ကို အသေခံ အကာအကွယ်​ပေးရမယ့်​ ကျွန်​လေ၊ တခြား ဘာဖြစ်​နိုင်​ဦးမှာမို့လဲ...!" ပိုင်​ယန့်​ရန်​ ဒေါသထွက်​ရလွန်းလို့ စဉ်းစားဉာဏ်​ကို မရှိတော့တာလားပဲ။ မဆင်​မခြင်​ ပါးစပ်​မစောင့်​ဘဲ ပြောပစ်​လိုက်​လေတယ်​။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now