အမှန်တရားရဲ့ ဘက်တော်သား (၁)
~~~~~~~~~~~~~~~~~~~~~~~~~~~#ကျောင်းတွင်း သတင်းထူး: လုမုန်း စိတ်မကျေနပ်တိုင်း သနားစရာကျောင်းသားတွေကို လိုက်နှိမ်#
ဂြိမ်း... ဂြိမ်း...
ကောင်းကင်ကြီးကို လျပ်စီးတွေက ထက်ခြမ်းခွဲလိုက်သလားတောင် ထင်မှတ်ရတယ်။ ခရမ်းရောင် အလင်းတန်းတွေရယ်က အမှောင်ထဲမှာ လင်းတောက်နေတယ်။ တဖျတ်ဖျတ် အလင်းလျံတွေကြောင့် စာသင်ဆောင်အဟောင်းကြီးက ကျောချမ်းဖွယ်အတိ။
စာသင်ခန်းတစ်ခုအတွင်းမှာတော့ ကျောင်းဝတ်စုံနဲ့ မိန်းကလေးတစ်ယောက် လဲကျနေတယ်။ သူ့ပုံစံက အသက်မဲ့နေတဲ့ ရုပ်အလောင်းပမာ၊ ငြိမ်သက် တိတ်ဆိတ်လို့နေတယ်။
ပဲစေ့လောက်ကြီးတဲ့ မိုးသီးတွေ မှန်ပြူတင်းကို လာရိုက်ခတ်တော့ အသံကျယ်ကြီးတွေ ထွက်လာနေတယ်။
မိန်းကလေး လှုပ်ရှားလာပြီး ဖြည်းဖြည်းချင်း ထထိုင်လိုက်ကာ မရင်းနီး မကျွမ်းဝင်ဖြစ်နေတဲ့ ပတ်ဝန်းကျင်ကို ကြောင်ကြည့်နေတော့တယ်။
ခေါင်းထဲက နာတယ်...
ရင်ဘတ်ထဲက နာတယ်...
တစ်ကိုယ်လုံး နာနေတာပဲ...
မင်ရှု အသက်ပြင်းပြင်း ရှူကြည့်လိုက်တော့ နေထိုင်လို့မကောင်းတော့ဘူး။ သူ့ရင်ဘတ်ကို ကျောက်တုံးကြီးနဲ့ ဖိထားသလားမှတ်ရတယ်။
ခဏလောက်နားနေလိုက်တော့မှ သက်သာလာတယ်။
မင်ရှု ထိုင်နေရာကနေ ထနိုင်ဖို့ မနည်းကြိုးစားလိုက်ရတယ်။ ပြီးတော့ ဘေးနားမှာ ရှိနေတဲ့ ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။ ထိုင်ခုံကနေ အသံတစ်သံ ရုတ်တရက် ထွက်လာပြန်ရော။
ဒီနေရာက အသုံးမပြုတော့တဲ့ စာသင်ခန်းတစ်ခုနဲ့ တူတယ်။ စားပွဲတွေ ခုံတွေကလည်း အိုဟောင်းနေပြီ။ ကြမ်းပြင်ပေါ်မှာလည်း အမှိုက်တွေနဲ့။
ဒါက ဘယ်နေရာကြီးလဲ။
…
ဒါက ကျောင်းတွင်း ဇာတ်လမ်းတည်ဆောက်ပုံမျိုးနဲ့ ရေးဖွဲ့တည်ဆောက်ထားတဲ့ စိတ်ကူးယဉ်လောကပဲ။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...