ရှုမငြီးသော နတ်​ဆေးရှင်​ (၃၀)

1.5K 324 6
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၃၀)
~~~~~~~~~~~~~~~~~~~~~~~

အားလုံးရှေ့မှာပဲ ကုန်​သွားတဲ့အထိ မင်​ရှု တည်​တည်​ငြိမ်​ငြိမ်​ စားသွားတယ်​လေ။

အခုတော့ အင်​အပြည့်​အားအပြည့်​ပြန်​ဖြစ်​သွားတဲ့ မင်​ရှုဟာ သခင်​(၄)ကို နောက်​တစ်​ကျော့ ပြန်​ရိုက်​ပါတော့တယ်​။ ကြည့်​နေတဲ့သူတွေ တုံ့ပြန်​ဖို့တောင်​ အချိန်​မရလိုက်​ရှာဘူး။

လူအုပ်​ကြီးမှာ ထပ်​ပြီး အံ့ဩနေရလေရဲ့။

'ဘာလား၊

သူ ဘာလုပ်​လိုက်​တာလဲ

သူ ဒီလောက်​ကြီး ရမ်းကားမနေသင့်​ဘူးလေ'

"လုပ်​စမ်းပါ သခင်​(၄)ရာ ပြောပါဦး၊ တို့ရဲ့ လက်​အောက်​ငယ်​သားတွေ တို့ကို ပုန်​ကန်​စေတာ အရှင်​လား"

သခင်​(၄)က သူ့မျက်​နှာလှလှကို အသာအုပ်​လို့။ သူ့ရင်​ဘတ်​ထဲမှာတော့ တောင်​တွေ ကမ်းတွေ ပြိုနေပြီ။ ပြိုကျလာတဲ့ ကျောက်​တုံးတွေ သူ့ဦးနှောက်​ကို လာပိနေသလိုပဲ။ "ကျုပ်​​-ကျုပ်... နားမလည်​ဘူး... ဘာဖြစ်..."

သခင်​(၄)လက်​တွေ ကြိုးတုပ်​ထားခံလိုက်​ရတယ်​။ နဖူးပြင်​တစ်​ခုလုံးလဲ ချွေးစေးတွေ ရွှဲလို့။

"အရှင်​လားလို့"

"မင်း..." သခင်​(၄) မျက်​နှာဟာ ဖြူရော်​လို့၊ အသက်​ကို ပြင်းစွာ ရှူသွင်းနေရတယ်​။ "မင်း-မင်းက-ကျုပ်​ ဝန်​ခံလာတဲ့အထိ ရိုက်​မလို့လား"

သူမမှာ ဘာသက်​သေမှ ထုတ်​ပြနိုင်​တာ မဟုတ်​ဘူး။ ဒါတောင်​မှ သူ လုပ်​တာပါဆိုပြီး အတင်းတွေ ပြောနေတာ။ သခင်​(၄) စိတ်​လဲ တိုလာတယ်​။ မတရားသလိုလဲ ခံစားလာရတယ်​။ သူ့ကို ဒီလိုမျိုး ဆက်​ဆံရဲတာ ဘယ်​သူမှ မရှိဖူးဘူး။

မင်​ရှု သူ့ကို ပက်​လက်​လှန်​လိုက်​ပြီး သူ့ရင်​ဘတ်​ပေါ် တက်​နင်းလိုက်​လေတယ်​။ သူမက သူ့အဝတ်​အစားတွေကို ဓားနဲ့ အရာပေး ဖြတ်​လိုက်​ပြီး သူ့ခါးမှာ စွန်းနေတဲ့ အမှုန်​အမွှားတချို့ကို ညွှန်​ပြလိုက်​တယ်​။ "ဒါ ဖူလော့ပန်းလို့ခေါ်တယ်​၊ ရှီးလင်​တစ်​ပြည်​လုံးမှာ သခင်​(၄)ရဲ့ အိမ်​တော်​မှာပဲ ဒီပန်းရှိတာ"

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now