ရှုမငြီးသော နတ်ဆေးရှင် (၃၃)
~~~~~~~~~~~~~~~~~~~~~"သခင်မလေး၊ ယစ်ပန်းနွယ်ဂေဟာသခင်ကို တကယ်ပဲ ကုပေးတော့မှာလား" ဟွေ့ရွှယ်က မရေမရာဖြစ်နေပုံနဲ့ မင်ရှုကို မေးလာတော့တယ်။ သူမကြည့်ရတာ တစ်ခုခု ပြောပြချင်နေပုံပဲ။
"ဘာဖြစ်လို့လဲ"
"သူ..." ဘယ်လို စပြောရမလဲ ဟွေ့ရွှယ် မသိတော့။ မင်ရှုကတော့ သူမဘက် လှည့်ကြည့်လာတယ်။ ဟွေ့ရွှယ်လဲ ဆက်ပြောလိုက်တော့လေတယ်။ "သခင်မလေး တောင်ကြားမှာ ဂူပိတ် သိုင်းကျင့်နေတုန်းက သခင်ချင်းချန် တောင်ကြားကို ရောက်လာတယ်၊ အရင်သခင်ကြီးက သူ့ကို စမ်းသပ်ပေးခဲ့ပေမဲ့ ဘာစကားမှ မပြောဘဲ သူ့ကို ပြန်ခိုင်းလိုက်တယ်"
'သူ အရင်က သေမင်းတောင်ကြားကို လာဖူးတယ်ပေါ့၊ မူလခန္ဓာရှင်ရဲ့ ဆရာတောင် ဘာမှ မတတ်နိုင်တာ ငါ သူ့ကို ကယ်နိုင်မယ်လို့ သူ ဘာလို့ ထင်နေရတာလဲ...
ဧကန္တ ငါက မူလခန္ဓာရှင်ရဲ့ ဆရာထက် ပိုချောနေလို့များလား'
ဟွေ့ရွှယ်ကတော့ ဘေးဘီဝဲယာကို ခိုးကြောင်ခိုးဝှက်ကြညိ့ရင်း၊ "သူ သွားပြီးနောက်ပိုင်းမှာ အရင်သခင် ခဏခဏ ငေးငေးငိုင်ငိုင်ဖြစ်လာတယ်၊ တစ်ခါတစ်လေ တစ်နေကုန်တောင် စဉ်းစားခန်းဝင်နေတတ်တယ်၊ အဲ့အချိန်တွေဆို ကျွန်မတို့မှာ စကားတောင် ကျယ်ကျယ် မပြောဝံ့ဘူး၊ နောက်တော့ တစ်ခါမှာ အရင်သခင် တစ်ယောက်ယောက်နဲ့ စကားပြောနေတာကို ကျွန်မ ကြားခဲ့လိုက်တယ်၊ သူ ချင်းချန်နာမည်ကိုလဲ ထည့်ပြောတယ်၊ ပြီးတော့ လေဟုန်ပြင်းမိစ္ဆာတောင်တန်းရယ် နဂါးအရိုးတောင်ရယ် ဆိုလား ပြောနေတာ၊ ကျွန်မ အဖြစ်စုံကို မကြားရသေးခင်မှာပဲ သူ ကျွန်မကို မိသွားလို့၊ ဒါနဲ့ ဘာထူးဆန်းလဲ သိလား"
"ဘာလဲ"
"အဲ့တုန်းက အရင်သခင်ရဲ့ အခန်းထဲမှာ တခြား ဘယ်သူမှ ရှိမနေဘူး" ဟွေ့ရွှယ် ပြောလိုက်တယ်။
"အဲ့ဒါ ဖြစ်နိုင်တာက ဆရာ သူ့ဘာသာသူ တစ်ယောက်တည်း ပြောနေတာ နေမှာပေါ့"
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...