ကောလဟလ ဘုရင်​မ (၄)

6.5K 1.1K 37
                                    

ကောလဟလ ဘုရင်​မ (၄)
~~~~~~~~~~~~~~~~~~~~

နောက်​ဆုံးတော့ မင်​ရှု ရုပ်​ရှင်​အဖွဲ့သားများရှိရာကို လျှောက်​သွားလေတော့တယ်။

ဗီလိန်​ကို ဆန့်​ကျင်​မယ့်​ ဇာတ်​လိုက်​ကျော်​တစ်​ဦးအနေနဲ့ နဉ်​ခယ့်​ချင်းလို ဗီလိန်​မျိုးနဲ့ ညစာအတူ မစားလိုက်​နိုင်​ဘူး။ သူမက မိမိနေရာအလျောက်​ စည်းစောင့်​တတ်​သူ၊ ကျင့်​ဝတ်​နှင့်​ ညီသူ ဖြစ်တယ်​ဆိုတော့။ အဲ့ဒါကြောင့်​ သူမကို ဘယ်​လိုပဲ ဖိတ်​ဖိတ်​ သူမကတော့ သွားမှာ မဟုတ်။

'အင်း. . . ငါ မသွား...'

"အစ်​မ ကျန့်​ညန်​..." ရုပ်​ရှင်​အဖွဲ့သားတွေဆီက လုစားဖို့ ကြံစည်​နေတဲ့ မင်​ရှုကို ထျန်းယွမ်​ ဆွဲထားလိုက်​ရလေတယ်။ "အစ်​မအိုက်​လင်း ဖုန်းဆက်​တယ်​... အစ်​မတော့ ဆူခံထိတော့မှာပဲ...!"

"အယ်​...?" 'ဘာလို့ ဆူခံထိမှာလဲ... ငါ ဘာပြဿနာရှာထားမိလို့လဲ... ငါ အစာတောင်​ ဝ,ဝ မစားရသေးဘူး...! ငါ ဗိုက်​ဆာတယ်​... ငါ အစာစားချင်​တယ်...'

ထျန်းယွမ်​ မင်​ရှုကို နားနေခန်းဆီ ပြန်​ခေါ်လာခဲ့တယ်။ မျက်​နှာထား မအူမလည်​နဲ့ နဉ်​ခယ့်​ချင်းတစ်​ယောက်​ကတော့ ကျန်​ရစ်​လေတယ်။

ထျန်းယွမ်​က ဆဲလ်​ဖုန်းကို မင်​ရှုလက်​ထဲ ထည့်​ပေးလိုက်​တယ်။ မင်​ရှုက တံခါးဝကို ပိတ်​ရပ်​နေတဲ့ ထျန်းယွမ်​ကို ကြည့်​ရင်း ဖုန်းကို မကိုင်​ချင့်​ကိုင်​ချင်​နဲ့ ပြန်​ဖြေလိုက်​ရတော့လေရဲ့။ "ဟယ်​လို...?"

ဖုန်းခေါ်သူက မင်​ရှုကို စောင့်​နေတာ။ မင်​ရှု ပြန်​ဖြေလိုက်​တာနဲ့ ချက်​ချင်းဆိုသလို၊ မိန်းမသံ ခပ်​စူးစူး ထွက်​ပေါ်လာလေတယ်။ "ကျန့်​ညန်​ ငါ နင့်​ကို တစ်​ချက်​ကလေး မျက်​နှာလွှဲလိုက်​တာနဲ့ ပြဿနာကို ဂြိုလ်​မွှေတော့တာပဲနော်​... နင်​ မနေ့က ဘာအရူးထတာလား... ရိုက်​ကွင်းထဲမှာ တက်​သစ်​စလေးကို အနိုင်​ကျင့်​တယ်​ဆို... ဟိုဂျာနယ်​လစ်​တွေ ဘယ်​လို သတင်းတွေ ရေးမယ်​ဆိုတာ နင်​ သိရဲ့လား... နင့်​ကိုယ်​ နင်​ နာမည်​ သိပ်​မကြီးသေးဘူး ထင်​နေတာလား..." 

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိحيث تعيش القصص. اكتشف الآن