အမှန်တရားရဲ့ ဘက်တော်သား (၂၈)
~~~~~~~~~~~~~~~~~~~~~~~~~~~~"နိုး..."
"နိုး"
"နိုးပါ..."
စားပွဲပေါ်က စားစရာတွေ အားလုံးကို မင်ရှု တွန်းဖယ်ပစ်လိုက်တယ်။ သူ့ပုံစံက အကျင့်မကောင်းတဲ့ သူဌေးလိုပဲ။ "ငါ့ကို တခြားဟာ ဝယ်ပေးစမ်း...!"
ချန်ယန်ကတော့ သက်ပြင်းတွေ ချလို့။ "မုန်းမုန်း၊ နင့် အစာအိမ်က အသံစုံမြည်ပြနေတာ ငါ ကြားတယ်နော်... နင် ငါ့ကို လျှောက်ခိုင်းချင်တာက ရတယ်။ ဒါပေမဲ့ နင့်ကိုယ်နင်တော့ ကျန်းမာရေး မထိခိုက်စေနဲ့လေ"
သူကိုယ်တိုင် လုမုန်းဖို့ ပြင်ဆင်ချက်ပြုတ်ပေးထားတဲ့ အစားအစာတွေကို လုမုန်း ထိတောင် မထိကြည့်ဘူး။ အပြင်ကမှားစားမယ်ဆိုရင်လည်း လုမုန်းကို တိုင်ပင်ပြီးမှ မှာရတယ်။ မှာထားတဲ့ စားစရာတွေ ရောက်လာပြီဆိုရင်လည်း အရမ်း ငတ်နေတဲ့ အချိန်မရောက်မချင်း ဒီအတိုင်း စားပွဲပေါ်တင်ထားတတ်တယ်။ ဘယ်လိုတောင် ထူးဆန်းတဲ့ မိန်းကလေးလဲ။
ဒါပေမဲ့ ချန်ယန် ဘာတတ်နိုင်မှာလဲ။
သူ တတ်နိုင်တာဆိုလို့ လုမုန်းကို အလိုလိုက်ဖို့ပဲ ရှိတယ်။
မင်ရှုကတော့ လစ်ဟာနေတဲ့ ဗိုက်ကို အသာအုပ်ကိုင်ရင်း စားပွဲပေါ်က စားစရာတွေကို ငေးကြည့်နေတယ်။ နှုတ်ခမ်းကို လျှာနဲ့ သပ်ရင်း လျက်ရင်းပေါ့။ နောက်ဆုံးတော့ သူ တူကို ကောက်ကိုင်လိုက်ပြီး စားပါလေတော့တယ်။
နွေရာသီတစ်ခုလုံးအတွင်း ချန်ယန်ခမျာ သူ့ဘဝကြီးသူ မေးခွန်းပြန်ထုတ်ချင်စိတ်ပေါက်လာတဲ့အထိကို မင်ရှု နှိပ်စက်တာ ခံလိုက်ရတာ။ ဒါပေမဲ့ ချန်ယန် လက်မလျှော့သွားပါဘူး။ ယောက်ျားတစ်ယောက်အနေနဲ့ သူ ဇွဲကောင်းဖို့ပဲ လိုတယ်လို့ ယုံကြည်ထားတယ်လေ။
"စာသင်နှစ်အသစ်တောင် ပြန်တက်ရတော့မယ်နော်... ရက်ပိုင်းလောက်ပဲ လိုပြီ၊ နင် တစ်ခုခု ဝယ်ချင်တာမျိုးရှိလား..."
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...