ကောလဟလ ဘုရင်မ (၃)
~~~~~~~~~~~~~~~~~~~~~မင်ရှု အပြုံးတစ်ခုဆောင်ရက်သား ထွက်သွားတော့တယ်။ မသိရင် သူမကပဲ သူများအပေါ် အအေးနဲ့ လောင်းချထားတာ မဟုတ်တဲ့အတိုင်းပဲ။ နေနိုင်လိုက်တာ။
“…” ဘေးက ကြည့်သူတွေမှာလည်း အတွေးနဲ့သာ ကောက်ချက်ချမိတော့တယ်။ 'နာမည်ကြီးလည်း ကြီးလောက်ပေတယ်...'
“…” စုန့်မန်လည်း ဆွံ့အနေမိတယ်။ 'အခု သူ ဘာလုပ်သွားတာလဲဟ...'
မင်ရှုကတော့ နားနေခန်းဘက်သို့ ပြန်လာခဲ့တယ်။ သူမရဲ့ အပြုံးက မူလကထက် သေးသိမ်မှေးမှိန်လာပေမယ့်လည်း ခပ်ယောင်ယောင်တော့ မြင်နေရနိုင်သေးတယ်။ ထျန်းယွမ်ခမျာမှာတော့ အသက်တောင် ခပ်ပြင်းပြင်း မရှူ ရဲ၊ မင်ရှုကို သြဝါဒလည်း မခြွေရဲတော့။ သူမ အစ်မအိုက်လင်းဆီကိုသာ စာတိုတစ်စောင် ပို့လိုက်တော့တယ်။
'အစ်မကျန့်ညန် ဒီနေ့ ပုံမှန် မဟုတ်ဘူး...'
အဲ့အချိန်မှာ မင်ရှုကတော့ Harmony System နဲ့ စကားပြောနေတာ။
"ငါ ခုနကလုပ်တာ ဘယ်လိုနေလဲ..."
[ခင်ဗျား သူ့မျက်နှာပေါ် ပက်ပေးလိုက်ရမှာ...] Harmony [သဟဇာတမျှမျှ] လို့ အမည်ရသော System ကြီးက အကြံပြုလေသတဲ့။
မင်ရှု အကြည့်တွေ ပြောင်းလဲသွားပြီး အတန်ကြာတော့ သူမ တုန့်ပြန်လိုက်တယ်။ "နင်က အဲ့သလို Sysyem မျိုး ဖြစ်နေမယ်လို့ ထင်မထားဘူး..."
'Harmony သဟဇာတမျှမျှ ငြိမ်းချမ်းတယ်တဲ့လား...
ဘယ်လို စောက်ကျိုးနည်း Harmony ကျတာကြီးလဲ...'
[ကျွန်ုပ်ရဲ့ တာဝန်က ခင်ဗျား အမုန်းရမှတ်တွေ စုဆောင်းမိအောင် ကူညီပေးဖို့ပါ။ ဒါကြောင့်မို့ ကျွန်ုပ်ပေးမယ့် အကြံပြုချက်တွေက ခင်ဗျားကို ပိုပြီး မုန်းချင်စဖွယ်ဖြစ်သွားစေမှာပါ။]
မင်ရှုလက်ညိုးတစ်ချောင်းနဲ့ နှုတ်ခမ်းကို အသာပွတ်နေရင်း အပြုံးက ပိုပွင့်လင်းလာကာ မျက်ခုံးလေးတွေပါ တွန့်သွားတော့လေတယ်။ သူမ အသွင်က ငြိမ်းအေးပြီး နူးညံ့လွန်းလို့ တစ်ပါးသူများ အနားတိုး ချဉ်းကပ်ချင်လာအောင်ကို စွဲဆောင်နေနိုင်တယ်။
(NC: မင်ရှုက ကြာဖြူ ပန်းရုပ်ကလေးနဲ့... 😂)
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...