အမှန်တရားရဲ့ ဘက်တော်သား (၅)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဒီမေးခွန်းကို ရှန်းကွမ်းဖုန်း မဖြေနိုင်တော့ဘူး။
သူက လုမုန်းရဲ့ ရည်းစားမဟုတ်သလို၊ တွဲတော့မလိုဖြစ်နေတဲ့ ကောင်လေးလည်း မဟုတ်ဘူး။ သူ့မှာ ဘာနေရာ ဘာရာထူးရှိနေလို့ လုမုန်းကို မေးခွန်းထုတ်ရမှာလဲ။
ဒါပေမဲ့ အဲ့ဒီဓာတ်ပုံကို တွေ့လိုက်ရတော့ သူ စိတ်မတိုဘဲ မနေနိုင်ခဲ့ဘူး။
"လုမုန်း၊ ငါ မင်းကို ပြန်မကြိုက်ပေမယ့် မင်းကို ညီမလေးလို သဘောထားခဲ့တာ... မင်းကို မိန်းမကောင်းလေးလို့ပဲ ထင်တာ၊ ဘာလို့ ဒီလိုလုပ်နိုင်ရတာလဲ" ဟုတ်တယ်၊ သူက လုမုန်းရဲ့ ကောင်လေးမဟုတ်ပေမဲ့ သူတို့က အတူတူကြီးပြင်းလာတာ။ လုမုန်းရဲ့ အစ်ကိုလို့ ပြောလို့ရတယ်။
သူ့ကိုယ်သူ လုမုန်းရဲ့ အစ်ကိုလို့ သဘောထားလိုက်ပြီး ရှန်းကွမ်းဖုန်းကတော့ စိတ်ထဲရှိရာ ပြောတော့တာပဲ။
"မင်း အသက်ငယ်နေသေးလို့ဆိုပြီး အရင်က ဘာမဟုတ်တာလေးနဲ့ ပြဿနာလိုက်လိုက်ရှာနေတာကို ဘာမှ မပြောခဲ့တာ... ဒါပေမဲ့ အခုက ဘာသဘောလဲ၊ ညဘက်ကြီး ဘားထဲမှာ ယောက်ျားတွေနဲ့ ပလူးပလဲ၊ မင်း မရှက်ဘူးလား..."
'သြော၊ Host က ဘားမှာ ပလူးပလဲ လုပ်တယ်ဆိုရင်တောင် နင်နဲ့ ဆိုင်နေလား...
နင့်ကိုယ်နင် နတ်မင်းကြီးများ ထင်နေလား... နင်ကသာ အရှက်မရှိတာ'
"ငါနဲ့ မထိုက်တန်ဘူး... ငါ့ကို နင့်ညီမလို သဘောမထားနဲ့... နင် စိတ်တိုရလွန်းလို့ သေသွားပါဦးမယ်" 'မူလလုမုန်းနဲ့ အီစီကလီဖြစ်နေတုန်းကတော့ ဘာလို့ ညီမလေးလိုပဲ သဘောထားတယ်လို့ မပြောခဲ့တာလဲ...'
အခုတော့ သူက လူတွေအများကြီး ရှိနေချိန်မှာ လုမုန်းကို လာမေးခွန်းထုတ်တယ်။ အရှက်မရှိဘူးလို့ တိုက်ရိုက်ကြီးလည်း ယိုးစွပ်တယ်။ ရှန်းကွမ်းဖုန်းက လုမုန်းကို တကယ်ကြီး ညီမတစ်ယောက်လို သဘောထားတယ်လို့ မင်ရှု မထင်ဘူးရယ်။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...