ရှုမငြီးသော နတ်ဆေးရှင် (၆)
~~~~~~~~~~~~~~~~~~~~~~အခုချိန်လောက်ဆို ရှောင်းရုဖုန်းလည်း ဝိညာန်ပြောင်းလဲပြီးသွားလောက်ပြီ။ ဇာတ်လိုက်မင်းသာိးဲ့လည်း တစ်ခေါက်လောက်တော့ တွေ့ပြီးသွားလောက်ပြီ။ ဒါမှမဟုတ် အခေါက်ခေါက်အခါခါ တွေ့ပြီး ဆုံပြီးဖြစ်ရင်လည်း ဖြစ်မှာပေါ့။ အေး၊ ဒါတွေက အရေးမကြီးဘူး။ ...အခု အရေးကြီးတာက ရှောင်းရုဖုန်းဟာ ဇာတ်လိုက်မင်းသား ဖုန့်ချန်ရဲ့ အာရုံစိုက်မှုကို အောင်မြင်စွာ ရသွားခဲ့ပြီး ဖြစ်တာပဲ။ ရှောင်းရုဖုန်းဟာ ကောလဟလတွေထဲကလို မဟုတ်ဘူးဆိုတာ ဖုန့်ချန် သိသွားပြီ။
ဒါပေမဲ့ သတ္တမမင်းသားရဲ့ ကြင်ယာတော် အလောင်းလျာနေရာကို လောလောဆယ်မှာ ယူထားတာက ရှောင်းရုဖေးဖြစ်နေတယ်။ ဖုန့်ချန် ရှောင်းရုဖေးကို မကြိုက်ဘူးဆိုရင်တောင် သူ ဝေဒနာခံစားနေရမှာကို ဘေးကနေ ရပ်ကြည့်နေလို့ မကောင်းဘူးလေ။ ရှောင်းအိမ်တော်မျက်နှာကို ထောက်ရဦးမှာပေါ့။
ဒါပေမဲ့ မင်ရှုရဲ့ ကမ်းလှမ်းချက်ကို လိုက်ခံလိုက်ပြန်ရင်လည်း ပိုင်အိမ်တော်ကို စော်ကားရာ ရောက်ဦးမယ်။
သူက မင်းမျိုးမင်းနွယ်တစ်ပါးဆိုပေမဲ့၊ တကယ်တမ်းမှာ မင်းမျိုးမင်းနွယ်နဲ့ ဒီဂုဏ်သရေရှိအိမ်တော်ကြီးတွေကြားမှာ ကွက်လပ်ကြီးတွေ ခံနေတာရှိတယ်။ တတ်နိုင်ရင် ဘယ်မျိုးကြီး ရိုးကြီး အိမ်တော်တွေကိုမှ သွား မထိပါးတာ အကောင်းဆုံးပဲ။ မဟုတ်ရင် ပြဿနာတွေ ရှိလာမယ်။
"ကျစ်ပေါ် မိန်းကလေး တခြား တောင်းဆိုမှု ပြုလို့ မရဘူးလား..." သူ့သခင် တွေဝေနေတာတွေ့တော့ ကိုယ်ရံတော်ကပဲ ဖွင့်ဟ မေးလိုက်တော့တယ်။ "ဘယ်လို ရှားပါး အဖိုးတန်တဲ့ အရာဖြစ်ဖြစ်... မိန်းကလေး ပြောလိုက်ရုံပါပဲ၊ တော်ဝင်မျိုးနွယ်ကရော ရှောင်းအိမ်တော်ကပါ မိန်းကလေး အလိုကျ ဖြစ်စေရပါမယ်..."
ဒီစကားတစ်ခွန်းတည်းနဲ့ ရှောင်းအိမ်တော်ကိုပါ ဈေးညှိနှိုင်းတဲ့အထဲ ဆွဲထည့်ပစ်လိုက်ပြီ။ မင်ရှု ဘာပဲ တောင်းဆို တောင်းဆို ရှောင်းအိမ်တော်ကလည်း တစ်ဝက်တော့ အကုန်ကျခံရတော့မယ်လေ။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...