မာနမင်းသမီး (၁)
~~~~~~~~~~~~~# ရွှေနန်းတော်မှ သတင်းကြီး၊ ရှန်စီ ရှေ့ဖြစ်ဟောအတတ်ကို သုံး၍ အစာရှာပြန်ပြီ#
ချွတ် ရွှတ် ရွှတ် ရွှတ် -
ပဲကြီးစေ့အရွယ်လောက် မိုးသီးမိုးပေါက်တွေက မြင်းလှည်းပေါ် မညှာမတာ အားမနာတမ်းရွာကျနေတယ်။ မိုးကျသံတို့က စစ်ချီတေးအလား။ ပြတင်းအပြင်ဘက်မှာတော့ မိုးရေသံတို့ကို ထိုးခွင်းလျက် တိုက်ခိုက်သံများ၊ ငိုယိုအော်ဟစ်သံများ ကျယ်လောင်စွာ ဟိန်းထွက်နေလေရဲ့။ သွေးညှီနံ့တို့ ပျံ့လွင့်မြောလို့ သွေးချောင်းတသွင်သွင် စီးနေခဲ့တာပေါ့။
"မင်းသမီး... မင်းသမီး" ခေါ်သံသဲ့သဲ့က မင်ရှုနားအနားက ကပ်လျက်ပဲ။
မင်ရှုက သတိရတစ်ချက်၊ မရတစ်ချက်။ အတော်အတန်ကြာတော့မှ ခေါင်းပြန်ကြည်လာတာ။
"မင်းသမီး နေသာရဲ့လား..." မိုးလေသံတွေအကြားမှာ သူမအသံက တုန်ယင်နေတယ်။ ပူပင်သောက ကြီးစိုးနေတယ်။
မင်ရှု တစ်ကိုယ်လုံးကတော့ နာကျင်ကိုက်ခဲနေတာပဲ။ သူမ ထထိုင်နိုင်အောင် ကြိုးစားသေးပေမဲ့ ကောင်းကောင်း မထိုင်နိုင်သေးခင်မှာပဲ လှည်းယိုင်သွားတာမို့ ရှေ့ထိုးလဲကျသွားပြီး သစ်သားတန်းနဲ့ ခေါင်းဆောင့်မိတော့လေတယ်။
'နာသဟ...!
တကယ်ကြီးလား... ဒီလိုမျိုးကြီး နှုတ်ခွန်းဆက်စရာ မလိုဘူးလေနော့...!'
"မင်းသမီး...!" မိန်းကလေးရဲ့ အော်သံက ညံကနဲထွက်လာတော့တာပဲ။
နောက်တော့ မင်ရှုကို တုန်ရင်နေတဲ့ လက်တစ်စုံက တွဲထူမပေးလာတယ်။ အဲ့ဒီလက်တစ်စုံမှာ ချွေးစေတွေ ပြန်နေပုံက လက်ပိုင်ရှင်ရဲ့ စိုးရွံ့တုန်လှုပ်နေတဲ့ စိတ် အခြေအနေကို အထင်းသား ပြပေးနေသလိုလို။ မင်ရှု အဲ့ဒီလက်ကနေ လိုက်ကြည့်မိလိုက်တော့ ပိန်လှီသေးသွယ်တဲ့ ကိုယ်ဟန်ကိုပဲ တွေ့လိုက်ရတော့တယ်။
မင်ရှု ခုနကလေးတင် သစ်သားတန်းနဲ့ တိုက်မိထားတဲ့သူမရဲ့ နဖူးကို ပြန်စမ်းနေမိတယ်။ သူမ နံရံကို သေချာအားပြုမှီလိုက်ရင်း အပြင်ဘက်က အသံတွေကို နားထောင်ကြည့်လိုက်တယ်။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...