ကောလဟလ ဘုရင်မ (၁၄)
~~~~~~~~~~~~~~~~~~~~~အိုက်လင်း မင်ရှုကို တစ်ချိန်လုံး ဖုန်းဆက်နေခဲ့တာ။
မင်ရှု ကျန့်ရွှင်ကားပေါ်တက်ပြီးတာနဲ့ အစာမြိုနေတာကနေ ခဏရပ်ပြီး အိုက်လင်းဖုန်းကို ပြန်ဖြေပေးလိုက်တယ်။
"ကျန့်ညန်၊ ငါ နင့်ကို ဘယ်နှခါတောင် ခေါ်လိုက်ရလဲ နင် သိရဲ့လား...!" အိုက်လင်းတစ်ယောက် ဆူနာမီလို အားကြီးနဲ့ ကုန်းအော်ပါလေရော။
မနေ့ညက အိုက်လင်းခမျာမှာ ရူးမတတ်ပဲ။
"မသိသေးဘူး။ ကြည့်လိုက်ဦးမယ်..." မင်ရှု နားအနားကနေ ဖုန်းကို ခွာပြီး ရေကြည့်တယ်။ ပြီးတော့မှ ပြန်ဖြေသတဲ့။ "၅၆ ခါ... ၁၀၀ တော့မပြည့်ဘူးပဲ..."
". . ."
'တစ်ရာတော့ မရှိဘူးတဲ့...!
မရှိဘူးဆိုပဲ...!'
အိုက်လင်း တစ်ယောက်ယောက်ကို ထသတ်ချင်စိတ်ပေါက်လာတယ်။ သူ ဖုန်းထဲကို အကျယ်ကြီး အော်အော်ပြောလွန်းလို့ speaker မဖွင့်ဘဲနဲ့တောင် ဘေးက ကြားနေရပြီ။
ကျန့်ရွှင်ကတော့ သူ့ညီမကိုသာ ကြည့်နေလိုက်တယ်။ မင်ရှု လက်တစ်ဖက်က ပြူတင်းမှန်ကို ထောက်ထားပြီး ခြေထောက်တွေကို ချိတ်ထိုင်ထားတယ်။ စကတ်အကွဲဝတ်ထားတော့ ခြေတံသွယ်သွယ်လေးတွေက အဖွေးသား။
ကျန့်ရွှင် အကြည့်လွှဲလိုက်ပြီး အနားတိုးသွားလိုက်တယ်။
မင်ရှုအနားကိုလည်း ရင်းနီးကျွမ်းဝင်ပြီးသား ရနံ့တစ်ခု တိုးဝင်လာလေတယ်။ မင်ရှု နွားနို့ဘူးကို ကိုင်ထားရင်း နောက်တွန့်သွားကာ ကျန့်ရွှင်ကို စိုက်ကြည့်လိုက်တော့တယ်။
'ဘာလုပ်တာလဲ... ငါ့နို့နို့ကို လုမလို့လား...'
ကျန့်ရွှင် ရုတ်တရက်ပြုံးလိုက်မိတော့တယ်။ ဒါပေမယ့် သူ ပြုံးလိုက်တာကို မင်ရှု မမြင်လိုက်စေချင်တာကြောင့် သူ ချက်ချင်းရပ်လိုက်ပြန်တယ်။ ပြီးတော့ မင်ရှုကို ခါးပတ်ပတ်ပေးလိုက်တယ်။ "ခါးပတ်လေ..."
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...