ကောလဟလ ဘုရင်မ (၂၂)
~~~~~~~~~~~~~~~~~~~~~လက်နှစ်ဖက်က လက်ထိပ်ကွင်းတွေကို ကြည့်ရင်း မင်ရှု သက်ပြင်းချလိုက်မိတော့တယ်။ ပိုက်ဆံချမ်းသာတဲ့သူတွေများ တကယ်ကို မတူဘူး။ ဒါပေါ့ သူ့မှာ ဒီလိုပစ္စည်းမျိုး အစစ်ကြီးရှိနေနိုင်တယ်။
ကားပြူတင်းဘေးက ဖြတ်သွားတဲ့ မြင်ကွင်းတွေက လူသူပြတ်သထက် ပိုပြတ်လပ်လာတယ်။ သူ့ကို ကျန့်ရွှင် ဘယ်ခေါ်သွားမလို့မှန်း မင်ရှုလည်း မသိဘူး။
အမွှေးတိုင်မှာ ဆေးတစ်မျိုးပါနေခဲ့တာ။ အဲ့ဒီ့ဆေးက အားပျော့ အားနည်းသွားစေတဲ့ သတ္တိတစ်မျိုးရှိတယ်။
မင်ရှု ရင်ထဲမှာတော့ ဘယ်လိုမှ မခံစားရဘူး။ တစ်ခုခု စားချင်နေတာပဲ သိတယ်။
"ညန်ညန်၊ ကိုယ့်ကို အခွင့်အရေးတစ်ခုတော့ ပေးပါလား... နော်" ကျန့်ရွှင် မဝံ့မရဲလေသံမျိုးနဲ့ ရှေ့တည့်တည့်ကြည့်ကာ မေးလိုက်တယ်။ သူ ဒီလိုမျိုး မလုပ်ချင်ပါဘူး။ ဒါပေမဲ့ မင်ရှုရဲ့ အငြင်းကြောင့် သူ ကြံရမရဖြစ်ပြီး. . .
မင်ရှုကတော့ passenger seat မှာ ခွေနေရင်း မှိန်းချင်လာတယ်။ ကျန့်ရွှင် အသံကို ကြားတော့ သူ လှည့်ကြည့်ကာ ပြောလိုက်တော့တယ်။ "ချစ်အစ်ကိုကြီး၊ ဒီလောကမှာ မိန်းမတွေ အများကြီးရှိတာ ဘာလို့ ညီမကိုမှ ကြိုက်ရတာလဲ"
'ငါက နင် ကြိုက်သင့်တဲ့ လူမျိုးမဟုတ်ဘူး...!'
ကျန့်ရွှင် လက်ခုံပေါ်မှာ စိမ်းပြာရောင်သွေးကြောတွေ ထောင်ထနေတာပဲ။ သူ့ခန္ဓာကိုယ်သွေးသားဆန္ဒကို ချုပ်တည်းထားမှန်း သိသာနေတယ်။ သူ့အကြည့်တွေကို လွှဲလိုက်တယ်။ သူ့ပုံစံက အတိတ်တစ်ချိန်ဆီမှာ။ "မင်း ငယ်ငယ်တုန်းက မင်းဟာ နှင်းလုံးလေးလိုပဲ... ကိုယ့်ကို အသံသာသာလေးနဲ့ အစ်ကို အစ်ကိုနဲ့ ခေါ်ခဲ့ဖူးတာ..."
ကျန့်ရွှင် ပြောတာ အများစုကို ကျန့်ညန်ရဲ့ မှတ်ဉာဏ်ထဲမှာတောင် ရှာလို့ မရတော့ဘူး။ မူလကျန့်ညန် သိပ်ငယ်လွန်းလို့ မမှတ်မိတော့တာလည်း ဖြစ်နိုင်တယ်။
أنت تقرأ
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
فكاهةဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...