ရှုမငြီးသော နတ်ဆေးရှင် (၄၀)
~~~~~~~~~~~~~~~~~~~~~~မွန်းလွဲအချိန် တစ်ခုမှာ။
"ကျစ်ပေါ်" ချင်းချန်ရဲ့ ပွင့်လွှာချပ်သဏ္ဍာန် ဝတ်ရုံဟာ လေအလာမှာ လူးလွန့်နေတယ်။ သူ မင်ရှုဆီကို လွင့်လာပြီး သူ စိတ်ဓာတ်တွေလဲ ကျနေပုံပဲ။ "ရှီးလင်ကို ပြန်ရအောင်"
"နင် လက်လျှော့လိုက်ပြီလား" မင်ရှု အံ့သြနေမိတော့တယ်။
ချင်းချန် ခေါင်းခါလိုက်တယ်။ "ဟွေ့ရွှယ် ပြောတာ မှန်တယ်၊ ဒီလောကမှာ နဂါးမရှိတော့တာ ဖြစ်နိုင်တယ်..."
သူမ အရင်တစ်ခေါက်ပြောလိုက်တာတွေကို ချင်းချန်ကြားသွားမယ်လို့ ဟွေ့ရွှယ် မထင်ခဲ့ဘူးရယ်။ အားနာစရာ ကောင်းလိုက်တာ။ သူမ ဆင်ခြေတစ်ခုပေးပြီး ထွက်လာမိလိုက်တော့တယ်။
"ဒါ နင့်ပုံစံ မဟုတ်ဘူးနော်၊ ဘာလို့ သိပ်အဆိုးမြင်နေတာလဲ" မင်ရှုကတော့ စိတ်ဓာတ်ခွန်အားအပြည့်ဖြစ်နေပုံရတယ်၊ သူမက ဘာရယ် မဟုတ်သလိုလိုနဲ့ မေးလာတယ်။ "ဘာဖြစ်ခဲ့လို့လဲ"
ချင်းချန် သူ့ဝတ်ရုံကြီးကို မပြီး ထိုင်ချလိုက်တယ်။ သူ့အကြည့်တွေက ငါးကင်နေတဲ့ မီးပုံကို စိုက်ကြည့်ရင်းပေါ့။
"နောက်သုံးလနေရင် ကိုယ့်မွေးနေ့ရောက်ပြီ" ချင်းချန် ခဏနားလိုက်တယ်။ "၂၆ နှစ်ပြည့်မှာ"
ဒီရက်တွေထဲ သူ့ခန္ဓာကိုယ်က အရင်လို မဟုတ်တော့တာ ခံစားမိတယ်။
"အချိန်ကုန်တာ မြန်လှချည်လား"
ချင်းချန် မင်ရှုကို မျက်လုံးလှန်ပြလိုက်တော့တယ်။ သူမက တစ်နေကုန် စားဖို့ပဲ သိနေတာကိုး၊ အချိန် ဘယ်လို ကုန်လို့ ကုန်မှန်း သတိထားမိပါ့မလား။
ပြီးတော့ သူတို့တွေက လေဟုန်ပြင်းမိစ္ဆာတောင်တန်းထဲ ရောက်နေတာ။ ဒီလိုနေရာမှာဆို လူတွေက အချိန်ကို မှတ်သားထားဖို့ မေ့လျော့သွားမိတတ်တယ်။
"ဆိုတော့ကာ ပြန်ပြီး ဘာလုပ်မှာလဲ— သေဖို့ စောင့်နေမလို့လား" သူတို့ နဂါးကို ရှာမတွေ့မှတော့ ဒီအဆိပ်ကို ဖြေဖို့ တခြားနည်းလမ်း မရှိတော့။ သူ တကယ်ပဲ သေနေ့ကို စောင့်ရမလိုဖြစ်နေပြီ။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...