အမှန်​တရားရဲ့ဘက်​တော်​သား (၁၀)

3.9K 673 3
                                    

အမှန်​တရားရဲ့ဘက်​တော်​သား (၁၀)
~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျင့်​ယွီချီ ကျောင်းမတက်​ဘူး။ ဒါပေမဲ့ အထူးအဆန်းဖြစ်​မသွားဘူး။ ကျန်​တဲ့သူတွေအကုန်​ လုပ်​နေကျအလုပ်​တွေ ဆက်​လုပ်​ကြတယ်​။ သူတို့ အရေးတယူ လုပ်​ပြီး ပြောကြဆိုကြတဲ့ကိစ္စက ကျောင်း Page ပေါ်က လုမုန်းရဲ့ ဓာတ်​ပုံတွေ ကိစ္စပဲ။

ဓာတ်​ပုံတွေကို ဖျက်​လိုက်​ပြီးဖြစ်​ပေမဲ့ စပ်​စုချင်​တဲ့သူတွေကတော့ ဆက်​ပြီး အတင်းတုပ်​လို့ မပြီးနိုင်​သေးဘူးပေါ့။ တချို့ကျောင်းသားတွေဆို အခွင့်​ရေး ရရင်​ ရသလို မင်​ရှုကို တိုက်​ရိုက်​လာမေးကြသေးတယ်​။

"လုမုန်း၊ နင်​ တကယ်​ကြီး ပိုက်​ဆံရရင်​ တွေ့ကရာလူနဲ့ ချိန်းတွေ့တာလား..."

"နင်​တို့ ဘာတွေ လျှောက်​ပြောနေတာလဲ" မင်​ရှုကို လာမေးတဲ့ ကျောင်းသားကို ယဲ့မြောင်းမြောင်း တွန်းထုတ်​လိုက်​တယ်​။ "ငါ နင့်​ကို ပြောထားလိုက်​မယ်​၊ ဒီစကားကို ငါ ထပ်​ကြားမယ်​ဆိုရင်​ နင့်​ကို အလွတ်​မပေးဘူး..."

အတန်းထဲမှာ ယဲ့မြောင်းမြောင်းက ကျားမကြီးဆိုပြီး နာမည်​ကြီးနေတာလေ။ တချို့ကျောင်းသားလေးတွေလည်း သူ့ကို ရန်​မစရဲကြဘူး။

"ဟက်​၊ ပုပ်​သမျှလည်း ပေါ်နေပြီးပြီ... ငါတို့ ဘာလို့ မပြောဘဲနေရမှာလဲ၊ ငါတို့ ပြောတာ မခံချင်​ရင်​ စကတည်းက မကမြင်းနဲ့လေ၊ ကမြင်းပြီးမှတော့ အပြစ်​ကင်းဖြူစင်​ဟန်​ လာမဆောင်​နေနဲ့... စောက်​ရှက်​မရှိဘူး..." ကျောင်းသူတစ်​ယောက်​က ခနဲ့တယ်​။

"ပြန်​ပြောလိုက်​စမ်း...!"

"လျိုရွှေ..." အဲ့ဒီကျောင်းသူကို သွားခုန်​အုပ်​တော့မယ့်​ ယဲ့မြောင်းမြောင်းကို မင်​ရှုကပဲ ဆွဲထားလိုက်​ရတယ်​။

"မုန်းမုန်း၊ ငါ နင့်​အစား သူတို့ကို ဆုံးမပေးမယ်​" ယဲ့မြောင်းမြောင်း မကျေနပ်​ဘူး။ အဲ့ဒီ့လူတွေ သူများကို ဘယ်​လို အပုပ်​ချရမလဲပဲ သိကြတယ်​။ သူ့သူငယ်​ချင်း မုန်းမုန်းက တကယ်​ကြီး အပြစ်​ရှိနေတာမှ မဟုတ်​တာ။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now