အမှန်​တရားရဲ့ ဘက်​တော်​သား (၁၃)

3.4K 653 17
                                    

အမှန်​တရားရဲ့ ဘက်​တော်​သား (၁၃)
~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျင့်​ယွီချီ မျက်​နှာ ချက်​ချင်းကြီးကို ဖြူဖျော့သွားတော့တာပဲ။ ဒါပေမဲ့ ချက်​ချင်းပဲ သူ့အတွင်းစိတ်​ ရတက်​မအေးနိုင်​မှုတွေကို ချုပ်​တည်းထားလိုက်​ပြီး တည်​တည်​ငြိမ်​ငြိမ်​ ပြန်​ပြောလိုက်​တယ်​။ "လုမုန်း၊ အခုလိုအချိန်​မှာ Video ကြည့်​ဖို့ သင့်​တော်​လို့လား..."

မင်​ရှုကတော့ ကျင့်​ယွီချီကို အဖက်​မလုပ်​ဘဲ ဖုန်းကိုသာ ကလိနေလိုက်​တယ်​။ ဖုန်းထဲကနေ အသံတွေလည်း ထွက်​လာတော့တာပေါ့။ အဲ့ဒါ ခုနလေးတင်​ ဖြစ်​ပျက်​ခဲ့သမျှတွေကို မှတ်​တမ်းတင်​ထားတဲ့ အသံတွေ။

ဘေးနားက လူတွေလည်း ကိုယ့်​အသံကိုယ်​ ကြားရတော့ ဝိုင်းအုံပြီး လာကြည့်​ကုန်​တော့တယ်​။

Video ထဲမှာ ကျင့်​ယွီချီကို သူတို့တွေ့ရတယ်​။ ခုနတုန်းက ဘာတွေ ဖြစ်​သွားထဲ့တယ်​ဆိုတာပါ တွေ့လိုက်​ရသေးတယ်​လေ။

ကျင့်​ယွီချီက ချန်​တော့တော့နဲ့ စကားများကြတာ။ ပြီးတော့ နှစ်​ယောက်​သား ရန်​ဖြစ်​ကြရော။ ဒါပေမဲ့ ချန်​တော့တော့က ကျင့်​ယွီချီကိာ အသာလေး တွန်းလိုက်​ရုံပါပဲ၊ ထိတယ်​ဆိုရုံ သဘောလေညက်​ပဲ။

သူတို့အားလုံး တိတ်​တဆိတ်​ကြည့်​နေဖြစ်​ကြတယ်​။

စီနီယာကျန့်​ ကျင့်​ယွီချီကို ကြည့်​တဲ့ အကြည့်​တွေမှာတောင်​ နားမလည်​မှုတွေနဲ့ ရှုပ်​ထွေးတွေဝေလို့လာတယ်​။

ကျင့်​ယွီချီတစ်​ယောက်​ နှုတ်​ခမ်းကိုသာ နာနာကိုက်​လို့ လက်​သီးတင်းတင်း ဆုပ်​ထားမိတော့တယ်​။ လက်​သည်းတွေ စိုက်​နစ်​ဝင်​လို့ လက်​ဖဝါးတွေတောင်​ သွေးထွက်​တော့ မတတ်​ပဲ။

"ယွီချီ...?" စီနီယာကျန့်​က သူ့ဘက်​ဦးလှည့်​လာပြီ။ သူ ပြန်​ရှင်းပြလာမှာကို နားစွင့်​နေတယ်​။ "ဘယ်​လိုတွေ ဖြစ်​သွားတာလဲ"

"ညီမ..." သက်​သေအတိအကျနဲ့ ရင်​ဆိုင်​ရတော့ ကျင့်​ယွီချီ ဘာမှ မပြောနိုင်​တော့ဘူး။ အဲ့ဒီတုန်းက သူ အိပ်​ပျော်​ပြီး အိပ်​မက်​ယောင်​သွားတာပါလို့ ပြန်​ဖြေရှင်းလို့ ရမနေဘူးလေ။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now