ကောလဟလ ဘုရင်​မ (၁၇)

4.9K 888 16
                                    

ကောလဟလ ဘုရင်​မ (၁၇)
~~~~~~~~~~~~~~~~~~~~~

အဲ့ဒီ့နေ့ကစပြီး လီရှောက်​နန်​ မူမမှန်​တော့တာကို နဉ်​ခယ့်​ချင်း သတိထားမိလာတယ်​။ သူ နဉ်​ခယ့်​ချင်းအပေါ် ကြင်​နာနေတုန်းပဲ။ ဒါပေမဲ့ သူ စိတ်​မပါတာကိုတော့ နဉ်​ခယ့်ချင်း သိတယ်​။

နဉ်​ခယ့်​ချင်းလည်း အကြောင်းရင်းကို ရှာဖို့ ကြိုးစားတာပါပဲ။ သူ လီရှောက်​နန်​ကို ရက်​တော်​တော်​ကြာကြာ လေ့လာစောင့်​ကြည့်​တာတောင်​ အဖြေရှာမရခဲ့ဘူး။

တစ်​ည၊ လိင်ကိစ္စအပြီးမှာ လီရှောက်​နန်​က ရေသွားချိုးတယ်​။ နဉ်​ခယ့်​ချင်းက အိပ်​ရာထဲ လှဲနေတာ။ လီရှောက်​နန်​ ဖုန်းက အိပ်​ရာပေါ်မှာ ကျန်​ခဲ့တာနဲ့၊ သူ ယူကြည့်​လိုက်​တယ်​။

ဖုန်းကို Lock ချထားတာပဲ။ ဒီဖုန်းက လီရှောက်​နန်​ရဲ့ လုပ်​ငန်းသုံး ဖုန်း။

လီရှောက်​နန်​ရဲ့ ကိုယ်​ရေးကိုယ်​တာသုံးဖုန်းကို lock မချဘဲ ထားတတ်​တာကို သူ မှတ်​မိတယ်​။

နဉ်​ခယ့်​ချင်း ဖုန်းကို ပြန်​ချထားလိုက်​တော့မလို့ပဲ။ သူ့စိတ်​ထဲ ထူးဆန်းနေလို့။ ဒါက သူ့ကိုယ်​ရေးကိုယ်​တာ ဖုန်းပဲ။

သူ အိမ်​ပြန်​တဲ့အခါတိုင်း လုပ်​ငန်းသုံးဖုန်းကို သူ့အတွင်းရေးမှူးဆီ ပေးထားခဲ့တာ မဟုတ်​လား။ ဒီတော့ ဒီဖုန်းက ကိုယ်​ရေးကိုယ်​တာ ဖုန်းပဲ ဖြစ်​ရမယ်​။

နဉ်​ခယ့်​ချင်း ဖုန်းကို ပြန်​ကိုင်​လိုက်​ပြီး ပြန်​ဖွင့်​ဖို့ ကြိုးစားတော့တယ်​။ ဒါပေမယ့်​ passward ဒါမှမဟုတ်​ လက်​ဗွေရာလိုနေသတဲ့။

လီရှောက်​နန်​ သုံးလေ့ရှိတဲ့ passward တွေနဲ့ စမ်းကြည့်​တယ်​။ အကုန်​မှားနေတာပါပဲ။ နဉ်​ခယ့်​ချင်းလည်း ထပ်​မစမ်းရဲတော့တာနဲ့ ဖုန်းကို နေရာမှာ ပြန်​ထားလိုက်​တော့တယ်​။

သူ အိပ်​ရာထဲ လှဲနေရင်းက ရတက်​မအေးနိုင်​တော့ဘူး။ သူ့စိတ်​ထဲမှာ လီရှောက်​နန်​များ အသစ်​တွေပြီလားဆိုတဲ့ စိတ်​ကူးသံသယတွေနဲ့ ပြည့်​နေခဲ့တယ်​။

လီရှောက်​နန်​က အဘက်​ဘက်​က ပြည့်​စုံနေတာပဲ။ သူ့ကို ကြိုက်​တဲ့သူရှိတာ မဆန်းပါဘူး။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now