ရှုမငြီးသော နတ်ဆေးရှင် (၂၂)
~~~~~~~~~~~~~~~~~~~~~~~မင်ရှုကိုလာ"ဖိတ်ခေါ်" ကြတဲ့ လူတွေ များမကြာမီမှာ ရောက်လာကြတော့တယ်။ မင်ရှုကတော့ တည်းခိုခန်း ဝရန်တာကို မှီရင်း အောက်မှာ စုရုံးနေကြသူတွေကို ကြည်ကြည်သာသာပဲ ကြည့်နေခဲ့တယ်။ "လူတွေ လာကြတာမှ အများကြီးပဲ၊ ကြည့်ရတာ ငါ အတော်လေး အရေးပါပုံရတယ်"
ဟွေ့ရွှယ်မှာ ဆွံအရလို့။ သူ ထုပ်တန်းပေါ် တက်ထိုင်နေတဲ့ လျိုဖုန်းကို ကြည့်လိုက်တော့တယ်။ လျိုဖုန်းမျက်လုံးတွေထဲမှာလည်း ဘာမှ မတတ်နိုင်တော့သလို အကြည့်တွေနဲ့။ သခင်မလေး၊ သူတို့က သခင်မလေးကို လာဂုဏ်ပြုနေကြတာ မဟုတ်ဘူးနော်။ သခင်မလေးကို သေကြောင်းကြံဖို့ လာကြတာ သိရဲ့လား။
'နည်းနည်းပါးပါးလောက် တည်တံ့နေပေးလို့ မရဘူးလား'
"သခင်မလေး" ဟွေ့ရွှယ် မင်ရှု အင်္ကျီစကို ဆွဲထားလိုက်ပြီး လွှတ်မပေးတော့ဘူး။ "သခင်မလေး အောက်ဆင်းသွားစရာ မလိုပါဘူး..."
မင်ရှုကတော့ ဟွေ့ရွှယ် လက်ကို အသာပုတ်ရင်း ပြုံးလိုက်တယ်။ "သူတို့ ဒီနေရာအထိ လိုက်လာပြီး ငါ့ကို ဖိတ်ခေါ်တာလေ... ငါ မသွားလို့ ဘယ်ဖြစ်မလဲ၊ မယဉ်ကျေးရာ ကျနေပါဦးမယ်" 'ပွဲကြီး ပွဲကောင်း ဖြစ်တော့မှာ၊ ငါ လွတ်သွားလို့ မဖြစ်ဘူး...'
"သခင်မလေး...!" ဟွေ့ရွှယ် ခြေတွေပါ ဆောင့်မိပြီ။ "ဒီလူတွေဟာ လာခြင်း ကောင်းနဲ့လာတာမဟုတ်ဘူးနော်၊ မမျှော်လင့်တာ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ... သခင်မလေးက သေမင်းတောင်ကြား သခင်ပါ၊ ကိုယ့်ကိုယ်ကို လုံခြုံစေမှ ဖြစ်ပါမယ်"
သေမင်းတောင်ကြားသခင်တွေမှာ တပည့်တစ်ယောက်ပဲ ရှိတာ။ အခုချိန်မှာ အရင်သခင်လည်း ဆုံးပါးသွားပြီ။ သခင်မလေးမှာလည်း တပည့်မရှိသေးဘူး။ သခင်မလေးသာ တစ်ခုခု ဖြစ်သွားခဲ့ရင်... တောင်ကြားကိစ္စတွေ ဘယ်လိုလုပ်မလဲ။ သခ်မလေးဟာ အသက်ကိုပါ စွန့်စွန့်စားစားရှိလှတာ သေမင်းတောင်ကြားအတွက်တော့ တာဝန်လစ်ဟင်းရာရောက်သွားပြီ။ ကျစ်ပေါ်ကိုယ်တိုင် အတွက်ရောပေါ့၊ တာဝန်မဲ့ရာကျတယ်။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...