ရှုမငြီးသော နတ်ဆေးရှင် (၁၅)
~~~~~~~~~~~~~~~~~~~~~~~"ရက်စက်တဲ့ ဗီလိန်မဇာတ်ကောင်ဆိုပြီးတော့၊ ပိုင်ယန့်ရန် တစ်ယောက် အားကြီး ပိန်းရာ ကျနေသလားလို့..." သူ့သနားစရာ IQ ပုစိလေးနဲ့ ဘယ်လိုလုပ် ဒီကာရိုက်တာကို ထိန်းနိုင်မှာလဲ။ ဇာတ်ကြောင်း လိုအပ်ချက်အရ ဖြစ်နေတယ်ဆိုရင်တောင် ဒါကတော့ မများလွန်းဘူးလား။
ပြီးတော့... မူလခန္ဓာရှင်ကလည်း ဘာကိစ္စ ဒီငပိန်း အနိုင်ကျင့်တာ ခံလိုက်ရတာလဲ။
'ကြည့်ရတာ သူလည်းပဲ အတူတူအနူနူဖြစ်နေလို့... ဒါမှမဟုတ် ပိုပိန်းနေလို့ ဖြစ်ရမယ်...
ဒီဇာတ်လမ်းမှာ ဗီလိန်တွေက ဉာဏ်ရည်နိမ့်တာနေမယ်...'
"ဘာပြောလိုက်တာလဲ သခင်မ..." ဟွေ့ရွှယ်လည်း သူ့ဘေးနားက လူကို နားမလည်နိုင်စွာနဲ့ ပြန်ကြည့်လိုက်တော့တယ်။ သခင်မလေး ဘယ်သူနဲ့ စကားပြောနေတာပါလိမ့်။
"ဘာမှ မဟုတ်ဘူး..." မင်ရှု ပြုံးလိုက်တယ်။ "ဥ ကျက်သွားပြီလား..."
မီးပုံထဲက ဥကလေးကို ပြန်ကြည့်ရင်း ဟွေ့ရွှယ် စိုးရိမ်လာမိတော့တယ်။ "သခင်မလေး၊ ဒါက နတ်ဝိညာန်သားရဲဥနော်... မီးဖုတ်လိုက်လို့ သင့်တော်ပါ့မလား..."
"မသင့်တော်စရာ ဘာရှိမလဲ၊ မဟုတ်လည်း သေနေပြီ... အကောင်ပေါက်တော့မှာမှ မဟုတ်တာ၊ ငါက သူ သေရကျိုးနပ်အောင် လုပ်ပေးတာလေ" မင်ရှုတစ်ယောက် ပေါက်ကရတွေကို ရုပ်တည်ကြီးနဲ့ လျှောက်ပြောနေတော့တယ်။
". . ."
'ဒါ နတ်ဝိညာန်သားရဲဥလေ... မမလေးရဲ့...!
ကြက်ဥ ဘဲဥ မဟုတ်ဘူး...!'
အချိန်တော်တော်ကြာအောင် မီးဖုတ်ထားခံရတာတောင် "နတ်ဝိညာန်သားရဲဥ"က အရောင်တောင် ပြောင်းမလာဘူး။ မီးခိုးတွေ ဘာညာတောင် လာမကပ်သွားဘူး။
မင်ရှုလည်း ဥကို ပြန်ယူလိုက်ပြီး ခေါက်ကြည့်လိုက်တယ်။ အေးစက်နေတာပဲ။ ပြောရရင် အကြာကြီး မီးဖုတ်ထားတာတောင် နည်းနည်းလေးမှ မနွေးသွားဘူးပဲ။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...