ကောလဟလ ဘုရင်မ (၅)
~~~~~~~~~~~~~~~~~~~~"ဟုတ်တယ်... ဘာလဲ ရှင်လည်း ကျွန်မပေါ် အအေးပြန်လောင်းချချင်လို့လား..." မင်ရှုက တွေဝေခြင်းအလျင်းမရှိ ပြန်ဝန်ခံလိုက်လေတယ်။
“…”
ကျိုးသင့်ကြောင်းသင့် ပြောမရတဲ့ လူအမ် ိဳးမ် ိဳး၊ ဝန်ခံရမှာစိုးလို့ ဆင်ခြေဆင်လက်ပေးကာ စကားလမ်းကြောင်းလွှဲတတ်တာကို တွေ့ဖူးထားပေမယ့်လည်း အရှက်မရှိ ပြောင်ပြောင်တင်းတင်း ဝန်ခံတတ်သူမျိုးကိုမူ လီရှောက်နန် မတွေ့ဖူးသေး။ သူမကိုယ်ပေါ် အအေးပြန်လောင်းချချင်သလားလို့တောင် သူမက အပြုံးလေးမပျက် ပြန်မေးလိုက်သေးတယ်။
သူသာ တကယ်ပြန်လောင်းချလိုက်ရင် သူ့ကိုယ်သူ အဆင့်နှိမ့်ချလိုက်သလို ဖြစ်သွားဦးမယ်။
"မလောင်းတော့ဘူးဆိုရင်လည်း ကျွန်မ သွားပြီ..." 'ငါက အလုပ်များတယ်ဟ...'
မင်ရှု သူတို့နှစ်ယောက်ကို ကျော်သွားပြီး သူ့တို့ကို စိုက်ကြည့်နေတဲ့ ရုပ်ရှင်အဖွဲ့သားတစ်ဦးဆီ လျှောက်သွားလိုက်တယ်။ "ဒီပုံကို မင်းရိုက်ထားတာလား..." မင်ရှုက သူမရဲ့ ဆဲလ်ဖုန်းကို ကိုင်ပြကာ မေးလိုက်တယ်။
ဝန်ထမ်းကောင်မလေးမှာလည်း ခန့်ညားချောမောလှသော ရွှေခြေသလုံးကြီးရဲ့ မျက်နှာမှသည် မင်ရှုရဲ့ ဖုန်းထဲက ဓာတ်ပုံဆီ ပြောင်းကြည့်လိုက်ရတော့လေတယ်။ သူမ မျက်နှာထားလည်း ချက်ချင်း ပြောင်းလဲလို့ သွားတော့တယ်။ "ကျွန်မ... ကျွန်မ မရိုက်ပါဘူး..."
မင်ရှု ဖုန်း screen ကို ဘေးဘက် ပွတ်ဆွဲလိုက်တော့ ခပ်ဝါးဝါး ရုပ်ပုံ နောက်တစ်ပုံ ထိုဝန်ထမ်းရဲ့ မျက်စိရှေ့ ပေါ်လာပြန်တော့တယ်။ ရိုက်ကွင်းနေရာရဲ့ ကင်မရာမှတ်တမ်းဖြစ်လေရဲ့။
"ဒီ မှတ်တမ်းအရဆိုရင် ဓာတ်ပုံကို ဒီလိုရှုထောင့်မျိုးရအောင် ရိုက်နိုင်တာ နှစ်ယောက်ပဲ ရှိတယ်...။ နောက်တစ်ယောက်က လက်ထဲမှာ ဖုန်းမကိုင်ထားတော့ သေချာပေါက် နင် ရိုက်တာပဲ..."
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...