အမှန်တရားရဲ့ ဘက်တော်သား (၂၉)
~~~~~~~~~~~~~~~~~~~~~~~~~~~~ကျင့်ယွီချီကို မှတ်လောက်သားလောက်အောင် ရိုက်နှက်ပြီးတဲ့အခါမှာတေ့ မင်ရှု ဘာမှ ပြောမနေတော့ဘဲ ပြုံးနေကျ စံထားလောက်တဲ့ အပြုံးလေးပြုံးပြီး ထွက်သွားတော့လေတယ်။ မသိရင် သူ ကျင့်ယွီချီကို အနိုင်ကျင့်ပြီး ထွက်လာတာ မဟုတ်တဲ့အတိုင်းပဲ။
ကျင့်ယွီချီကတော့ မှောက်လျက်သား။ မင်ရှု ပုံရိပ် အမှောင်ထဲကနေ ပျောက်ကွယ်သွားတာကို တွေ့တော့ သူ့မျက်ဝန်းထဲက အမုန်းတရားဟာ မီးတောက်မီးလျံတွေလို အစွယ်ထကျန်ခဲ့တယ်။
"လုမုန်း... ငါ နင့်ကို သတ်မယ်..." ဘာလို့လဲ၊ သူ့ကျမှ ဒါတွေအားလုံးခံစားရတာ ဘာကြောင့်လဲ။ သူက ဘဝမှာ အောင်နိုင်သူ ဖြစ်သင့်တာလေ။
ကျင့်ယွီချီ အဲ့ဒီမှာ အကြာကြီး လှဲနေပြီးမှ မနည်း အလူးအလဲ ထလာနိုင်ခဲ့တယ်။ သူ ကျင်းဖူ စားသောက်ဆိုင် တံခါးပေါက်ဝထိ လျှောက်သွားပြီး တံခါးကို မှီထားရတယ်။ သူ့အတွက် ရဲစခန်းဖုန်းဆက်ပေးနိုင်မယ့် တစ်စုံတစ်ယောက်များရှိလေမလားလို့ ရှာနေတုန်းမှာပဲ ရှန်းကွမ်းဖုန်း ကောင်မလေးတစ်ယောက်နဲ့ ကားပေါ်တက်သွားတာကို တွေ့လိုက်ရတော့တယ်။
ရှန်းကွမ်းဖုန်း...
သူ ကိုက်ခဲနာကျင်နေတဲ့ ခန္ဓာကိုယ်ကို လျစ်လျူရှုပြီး အရှက်တွေ သိက္ခာတွေလည်း ငဲ့ကွက်မနေဘဲ ကောင်မလေးကို တွန်းထုတ်ဖို့ ပြေးသွားလိုက်တယ်။ သူ မေးခွန်းထုတ်တယ်။ "ရှန်းကွမ်းဖုန်း ဒါ ဘယ်သူလဲ... နင် ဘာလို့ သူနဲ့ အတူတူ ရှိနေတာလဲ... နင် ဒါ ဘယ်သွားပြီး ဘာလုပ်မလို့လဲ..."
ကောင်မလေးလည်း ထိတ်လန့်သွားပြီး ရှန်းကွမ်းဖုန်း ကျောနောက်မှာ ဝင်ပုန်းကာ ညုတုတုလေသံလေးနဲ့ မေးလေတယ်။ "ဖုန်း... အဲ့ဒါ ဘယ်သူလဲဟင်... ရိုင်းလိုက်တာ၊ တို့ကြောက်လာပြီ"
ရှန့်ကွမ်းဖုန်းက ကောင်မလေးကို ရင်ခွင်ထဲထည့် ကာကွယ်ထားပြီး ကျင့်ယွီချီ ဖရိုဖရဲဖြစ်နေတဲ့ပုံကို နှာခေါင်းရှုံ့ပြီး ကြည့်လိုက်တယ်။ "ဒါ မင်း ကိစ္စ မဟုတ်ဘူး..."
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...