ရှုမငြီးသော နတ်ဆေးရှင် (၃၂)
~~~~~~~~~~~~~~~~~~~~~အားလုံးထွက်သွားကြပြီ။ ဆက်ပြီး ကြည့်စရာ ပျော်စရာလေးလဲ မရှိတော့၊ ပြဿနာရှာစရာ အကြောင်းရင်းလဲ မရှိတော့တာမို့ မင်ရှုလဲ မုန့်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ပြန်ဖို့ ပြင်တော့တယ်။
ဒါပေမဲ့ ချင်းချန်ဟာ ကြိုတင် အသိပေးခဲ့တာမျိုးလဲ မရှိပါဘဲနဲ့ မင်ရှုရှေ့မှာ ပေါ်လာပြန်တယ်။ ပြီးတော့ အဲ့ဒီအမွှေးရနံ့ဟာလဲပဲ မင်ရှု နှာခေါင်းထဲ တိုးဝင်လာလေတယ်။
'ယောက်ျားလေး လုပ်ပြီး မိန်းကလေးဆန်ဆန် အမွှေးနံ့သာတွေ သုံးတယ်...!'
မင်ရှု အလိုလိုနေရင်း သူမ မုန့်တွေကို ကာကွယ်လိုက်မိတယ်လေ။ သူမ ခန္ဓာကိုယ်ကိုလဲ နောက်ဆုတ်သွားမိလိုက်တယ်။ နောက်တော့ သူမအရှေ့က လိပ်ပြာလုလင်ကို ငေးစိုက်ကြည့်ရင်း မေးလိုက်လေရဲ့။ "ဘာတုန်း"
ဒီပြည့်တန်ဆာခေါင်း သူမရှေ့မှာ ရုတ်တရက် ထပ်ပေါ်လာပြန်တာ၊ 'ငါ့မုန့်မုန့်တွေကို လုဦးမလားလို့'
ချင်းချန်မှာတော့ ရယ်ရအခက်၊ သူ ဘာမှလဲ မတတ်နိုင်။ "မင်းဟာလေ ဝိညာန်သားရဲကောင်လေးအတိုင်းပဲ" သူတို့ နှစ်ကောင်စလုံး အစာကိုဆို တိုတတ်ကြတယ်လေ။
မင်ရှုက အစကပြန်ငြင်းဦးမလို့ပဲ။ ဒါပေမဲ့ သူမနှုတ်ခမ်းဖျားထိ ရောက်လာခဲ့တဲ့ စကားလုံးတွေကို ပြန်မြိုသိပ်လိုက်ပြီး ဆိုခဲ့တယ်။ "ဘာကိစ္စမှ မရှိဘူးဆိုရင်လဲ တို့ရှေ့က ဖယ်ပေး"
ချင်းချန် မင်ရှုကို လမ်းဖယ်ပေးတဲ့အနေနဲ့ ဘေးကို ရွှေ့ပေးလိုက်တယ်။ "ကျစ်ပေါ်မိန်းကလေး၊ မင်းကို ကိုယ် ဒီနေ့ အများကြီး ကူညီပေးခဲ့တာတော့ အမှန်ပဲ၊ ကိုယ့်ရောဂါကို ကုပေးဖို့ မစဉ်းစားတော့ဘူးလား"
"ကျွန်မ ရှင့်ဆီက ဘာအကူအညီတောင်းမိလို့လဲ" သူမဘာသာ ဖြေရှင်းလဲ ရမှာပါပဲ။ ဘယ်သူကများ သူ ရုတ်တရက်ကြီး ရှေ့ထွက်လာပြီး သူမကို ကူညီနိုင်ဖို့ အခွင့်အရေး ယူခိုင်းမိလို့လဲ။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...