ရှုမငြီးသော နတ်ဆေးရှင် (၁၈)
~~~~~~~~~~~~~~~~~~~~~~ပိုင်ယန့်ရန်တို့ အဖေရယ်၊ ရှောင်းအိမ်တော်က လူတွေရယ်မှာ နှစ်ရက်တင်းတင်း စောင့်နေခဲ့ကြရတာ။ ဒါပေမဲ့ တည်းခိုခန်းကို ဝင်ပေါက်ရော၊ ထွက်ပေါက်ကနေ စောင့်ကြည့်နေခဲ့တာတောင် မင်ရှုကို အရိပ်အယောင်လေးတောင်မှ မတွေ့ကြရဘူး။
ပိုင်သခင်ကြီးမှာ စိုးရိမ်စိတ်များလွန်းလို့ တည်းခိုခန်းရှေ့ကနေ ခေါက်တုံ့ခေါက်ပြန်ကို လျှောက်လို့။ ရှောင်းအိမ်တော်က လူတွေကတော့ ဘေးနားလေးမှာပဲ ငြိမ်ငြိမ်လေး ရပ်စောင့်နေခဲ့ကြတယ်။ သူတို့နှစ်ဖက်စလုံး ကိုယ့်အပူနဲ့ ကိုယ်နေကြပြီး တစ်ယောက်ရဲ့ စည်း တစ်ယောက် မကျော်ကြပဲ နေတယ်။
မမျှော်လင့်ဘဲ အချင်းချင်း အကြည့်ဆုံသွားမိတယ်ဆိုရင်တော့၊ မနှစ်မြို့စရာတစ်ခုခုကို မြင်လိုက်ရတဲ့အလား ချက်ချင်းကို အကြည့်လွှဲလိုက်တတ်ကြတယ်။
သူတို့အိမ်တော်နှစ်ခုဟာ နှစ်ပေါင်းများစွာကြာအောင် ပြိုင်ဘက်တွေ ဖြစ်နေခဲ့တာ။ အခုလို တစ်နေရာတည်းမှာ လာစုနေမိတော့ ကသိကအောက် ဖြစ်ကြတာတော့ အမှန်ပဲ။
"သခင်ကြီး၊ သခင်ကြီး... မမလေး စိတ်သွက်တဲ့ လက္ခဏာတွေ ပြနေပြန်ပြီ..."
ပိုင်အိမ်တော်က အစေခံတစ်ယောက် ပျာယီးပျာယာရောက်ချလာတယ်။ သူ့ခမျာ အသက်လည်း ဝဝ မရှူနိုင်သလို သူ့မျက်နှာထားကလည်း အလွန်အမင်း ဗျာများနေပုံပေါက်သတဲ့။ သူ ပြောနေတဲ့ မမလေးရဲ့ အခြေအနေက တကယ်ပဲ ဆိုးရွားလွန်းနေပုံရတယ်။
ပိုင်သခင်ကြီးမျက်နှာထားလည်း ညိုမှုန်သွားတော့တာပေါ့။ သူ တည်းခိုခန်းကို မော့ကြည့်လိုက်ပြီး အံကြိတ်ကာ ဆိုလိုက်တော့တယ်။ "သွားရအောင်၊ အပေါ်ထပ်တက်ပြီး သမားတော် သွားပင့်မယ်"
သေမင်းတောင်ကြားက ပုဂ္ဂိုလ်ကို တွေ့ခွင့်ရမယ်လို့ သူ တစ်ခါမှ မယုံကြည်ခဲ့ဖူးဘူး။ ပိုင်အိမ်တော်ဆိုတာကလည်း နယ်နယ်ရရမှ မဟုတ်တာ။ ဒါပေမဲ့ အခုတော့ အပြင်မှာ ဒီအတိုင်းရပ်နေရပြီး သေမင်းတောင်ကြားက ဘယ်သူ့ဘယ်သူနဲ့မှ တွေ့ခွင့်မရသေးဘူးလေ။ ဒီတော့ သူ စပြီး စိတ်တိုစ ပြုလာခဲ့ပြီ။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...