ရှုမငြီးသော နတ်​ဆေးရှင်​ (၁၀)

2.3K 547 11
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၁၀)
~~~~~~~~~~~~~~~~~~~~~~~

"ပိုင်​မိန်းကလေး ကိုယ့်​ကိုယ်​ကို သိပ်​အထင်​ကြီးလွန်းနေတာပဲ..." မင်​ရှု အနားမှာရှိတဲ့ တုတ်​ချောင်းတစ်​ချောင်း ကောက်​ယူလိုက်​ရင်း ဖြည်းဖြည်းချင်း ထလာလိုက်​တယ်​။ "ဒါပေမဲ့... နင်​နဲ့ ငါအကြားမှာ 'ကျေသွားစရာ ကိစ္စ'ရှိလာမှာ မဟုတ်​ဘူး ထင်​တယ်​"

'နင့်​ကိုယ်​နင်​ ဘာထင်​နေတာလဲ၊ နတ်​မင်းကြီးလား...'

ရွှမ်း...!

ဖြန်း...!

ပြင်းထန်​တဲ့ အရှိန်​အဟုန်​နဲ့ တုတ်​ချောင်းဟာ ပိုင်​ယန့်​ရန်​ ကိုယ်​ပေါ် ရိုက်​ခတ်​ကျလာတယ်​။ ပိုင်​ယန့်​ရန်​လည်း နာကျင်​စွာ အော်​နေတော့တာပဲ။ နာသွားတဲ့ နေရာကို သူ ကာလိုက်​ချင်​တယ်​။ ဒါပေမဲ့ ရိုက်​ချက်​တွေက သူ့ကိုယ်​ပေါ် နေရာအနှံ့အပြားပေါ် စဉ်​ဆက်​မပြတ်​ဆက်​ကျလာတယ်​လေ။ သူ့မှာ တစ်​ခုခု ပြန်​လုပ်​ဖို့ကို အချိန်​မရခဲ့ဘူး။ ရိုက်​ချက်​တိုင်းမှာ စိတ်​ဝိညာန်​စွမ်းအားတွေ ပါနေတယ်​ထင်​တယ်​။ တစ်​ချက်​ရိုက်​ခံလိုက်​ရတိုင်း ပိုင်​ယန့်​ရန်​မှာ အရေပြားတွေပါ ကွဲထွက်​မတတ်​ခံစားနေရတယ်။ 

မင်​ရှုကတော့ တစ်​ချိန်​လုံး တည်​ငြိမ်​စွာ ပြုံးနေခဲ့တာပဲ။ လွှဲရိုက်​နေတဲ့ သူ့လက်​ထဲမှာတော့ အဲ့ဒီသစ်​ကိုင်းခြောက်​လေးဟာ အင်​အားကြီး လက်​နက်​အဖြစ်​ပြောင်းလဲသွားခဲ့တယ်​။

ပိုင်​ယန့်​ရန်​ ပြန်​တိုက်​ခိုက်​ဖို့ အတွင်းအားတွေ စုယူလိုက်​တယ်​။ ဒါပေမဲ့ မင်​ရှုက သူ့ကို ပြန်​တိုက်​ဖို့ အခွင့်​အရေး မပေးတာကြောင့်​ သူ ကြိုးပမ်းသမျှ အချည်းနှီးသာ ဖြစ်​ရလေတယ်​။

"ကျစ်​ပေါ်၊ နင်​ ရူးသွားပြီလား... ရပ်​စမ်း...!" ပိုင်​ယန့်​ရန်​ အသံကွဲကြီးနဲ့ အော်​နေရပြီ။ သူ နောက်​ဆုံးတော့ ထွက်​ပြေးလာဖို့ အခွင့်​အရေးရလိုက်​တယ်​လေ။ မင်​ရှုနဲ့ ခပ်​လှမ်းလှမ်းမှာ ရပ်​ရင်း ပခုံးကို ကိုင်​ထားရင်း ပိုင်​ယန့်​ရန်​တစ်​ယောက်​ သူ့ကို အနိုင်​ကျင့်​သူကို မျက်​ထောင့်​နီကြီးတွေနဲ့ စိုက်​ကြည့်​ရုံသာ တတ်​နိုင်​ခဲ့တယ်​။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now