ရှုမငြီးသော နတ်ဆေးရှင် (၂၉)
~~~~~~~~~~~~~~~~~~~~~~~လူတိုင်း ပန်းပွင့်လို အရောင်တောက်နေတဲ့ အနှီပြည့်တန်ဆာခေါင်းဆီ အာရုံရောက်နေတုန်း အခွင့်ကောင်းယူကာ မင်ရှု သူမဘေးလူဆီက ဓားကို ဆွဲထုတ်လိုက်တော့တယ်။ ပြီးတာနဲ့ ဓားလက်ဆွဲလျက် သခင်(၄)ဆီကို လေပြင်းအဟုန်လို အရှိန်မျိုးနဲ့ ပြေးသွားလေတယ်။
သခင်(၄)ရဲ့ အင်အားကလဲ နည်နည်ရရမဟုတ်ဘူး။ အန္တရာယ်အငွေ့အသက်တွေ ချဉ်းကပ်လာတာနဲ့ သူ ချက်ချင်းကို အတွင်းအားတွေ စုပြီး ဓားချက်ကို ကာကွယ်လိုက်လေရဲ့။
ဓားချက်က မမြင်ရတဲ့ ချီအတွင်းအား အကာရံကို ထိခတ်သွားပြီး မီးပွားလေးတွေ ပွင့်ထွက်သွားခဲ့တယ်။ ဘေးပတ်ဝန်းကျင်က လူတွေလဲ လန့်သွားတဲ့ သတ္တဝါလေးတွေလိုမျိုး ထပြေးကုန်ရော။ နောက်ဆုတ်ရှောင်ဖယ်လို့ တိုက်ပွဲအတွက် နေရာပေးကြတာပေါ့။
မင်ရှု ဓားချက်ကို အားသုံး ဖိထိုးလိုက်တယ်။ ချီအတွင်းအား အကာရံပေါ်ကနေ မီးပွားတွေ ပိုလို့ ထလာတော့တယ်။
သူ့ကိုယ်ပေါ် သက်ရောက်နေတဲ့ ဓားစွမ်းအားက အတော်လေး ဖိအားများတယ်လို့ သခင်(၄) ခံစားမိပါတယ်။ သူ တစ်ချက်ကလေး အာရုံများမိလိုက်တာနဲ့ ချီတံတိုင်းအကာအရံကို ထိုးဖောက်လာပြီး သူ့ကို နှစ်ခြမ်းပိုင်းလိုက်နိုင်လောက်အောင်ကို အားပြင်းနေတယ်။
'ဒီမိန်းမ အတွင်းအားက ဘာလို့ ဒီလောက်တောင် ပြင်းနေရတာလဲ'
ပိုထူးဆန်းတာက သူမရဲ့ စွမ်းအားအတိမ်အနက်ကို သူ တိတိပပ မမြင်နိုင်၊ မမှန်းနိုင်ခဲ့တာပဲ။
ရွှား—
ဝုန်း...!
သခင်(၄)မှာ လက်နက်ပါထုတ်ပြီး မင်ရှုကို ပြန်တိုက်ရတော့တယ်။ သူ့လက်နက်က ပထမတန်းစား စိတ်ဝိညာန် လက်နက်ပဲ။ မင်ရှုလက်မှာတော့ ရိုးရိုးသာမန်ဓားတစ်လက်သာ ရှိနေတယ်။ ဒါပေမဲ့ ဒီတိုက်ပွဲမှာ မင်ရှု အရေးမနိမ့်နေဘူး။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...