ရှုမငြီးသော နတ်ဆေးရှင် (၂၀)
~~~~~~~~~~~~~~~~~~~~~~~မင်ရှု ထိုးနှက်လို့ ပြီးတော့ သူ့အခန်းထဲသူ ပြန်ဝင်သွားတော့တယ်။ ချင်းချန်ခမျာမှာ တံခါးအပြင်ဘက်မှာ အပုံလိုက်လေး ကျန်ခဲ့ရှာတာပေါ့။
မင်ရှု အခန်းထဲ ဝင်သွားလိုက်တာနဲ့ မြင်ကွင်းထဲ တန်းဝင်လာတာက စားပွဲပေါ်က ရောင်စုံ ဥလေး။ သဘောရှိတိုင်း လှိမ့်နေတာ။
ဒီဥလေး သူ့ဘာသာသူ လှိမ့်ပြီး ပြန်လာတာလား။
ရောင်စုံဥလေးလည်း မင်ရှု ဝင်လာတာကို အာရုံခံမိပုံပဲ။ စားပွဲစွန်းနားလေးထိ လှိမ့်လာပြီး ခုန်ဆွဆွ လုပ်ပြတော့တယ်။ "ကြောက်ဖို့ ကောင်းလိုက်တာ... အဲ့ဒီလူက လူဆိုးကြီး...!"
မင်ရှုက ထိုင်ခုံတစ်လုံး ဆွဲယူပြီး ထိုင်လိုက်တော့တယ်။ "ဒီမှာ ဘာလာလုပ်နေတာတုန်း..."
ရောင်စုံဥလေးကတော့ ဘယ်ပြန် ညာပြန် အကြိမ်ကြိမ် အပတ်ပတ် လည်ပြ၊ လှိမ့်ပြလို့။ အလိုလိုက်ခံချင်တဲ့ ကလေးဆိုးလေးလို ပြုမူပြနေတယ်။ ပြီးတော့ သနားစရာ အသံလေးနဲ့ ဆိုလေရဲ့။ "အပြင်လောကကြီးက ဆိုးလိုက်တာ... အနော် ကြောက်ရယ်"
မင်ရှု နှုတ်ခမ်းစွန်းတွေလည်း တွန့်သွားမိတော့တယ်။ ပြီးတော့ သူ့ကိုယ်သူ ပြန်လက်ညိုးထိုးပြလေတယ်။ "ဆိုတော့ကာ ငါကျတော့ ကြောက်စရာ မကောင်းဘူးပေါ့လေ"
ဥကလေးလည်း ဘာ့ကြောင့်ရယ်မသိ သိမ့်ကနဲ တုန်သွားမိတော့တယ်။ "အဲ... ခင်ဗျားကတော့ အဆင်ပြေတယ်၊ ခင်ဗျားပြောတော့ အနော့်လို စကားပြောတဲ့ သတ္တဝါတွေကို မစားဘူးဆို..."
ဒီစကားကြောင့်သာ မဟုတ်ရင် သူလည်း ဟိုလူဆီက လွတ်လွတ်ချင်း မင်ရှုဆီကို တန်းတန်းမတ်မတ် ပြေးလာခဲ့မှာ မဟုတ်ဘူး။
"ငါတော့ မစားဘူးဆိုပေမဲ့..." မင်ရှု အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး စကားကို သံရှည်ဆွဲကာ ပြောလိုက်တယ်။ "ငါ့နားကလူတွေက မစားဘဲ နေနိုင်တယ်လို့ မဆိုလိုဘူးလေနော..."
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...