#အနုပညာလောက သတင်းခေါင်းကြီး၊ ကျန့်ညန် မကျေနပ်တိုင်း သောင်းကြမ်း...#
ဖြောင်း...!
မင်ရှု မျက်လုံးနှစ်လုံး ပွင့်လာတာနဲ့ ကြားလိုက်ရတဲ့ အသံကြောင့် လန့်ဖြန့်သွားရတယ်။ သူမ အသံလာရာဘက်ကို လှည့်ကြည့်လိုက်တော့ ရှေးခေတ်အပြင်အဆင် ခင်းကျင်းထားသော နေရာငယ်လေးမှာ ရှေးအဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ ယောက်ျားနှစ်ယောက်ကို တွေ့လိုက်ရလေတယ်။
ဒီအခင်းအကျင်းရဲ့ အပြင်မှာတော့ သူတို့ကို ရိုက်ကူးနေတဲ့ စက်ကိရိယာပေါင်းစုံရှိနေလေရဲ့။
'ရုပ်ရှင်ရိုက်နေတာ...!'
ဒီအတွေးတစ်ခုက မင်ရှု စိတ်ထဲမှာ ချက်ချင်းဆိုသလို ပေါ်လာခဲ့တယ်။
"ဆောရီး... ဒါရိုက်တာ ကျွန်မ ပြန်လုပ်ကြည့်လို့ ရဦးမလား..." လို့ အနီရောင်ဝတ် မိန်းမငယ်က နွဲ့နောင်းနောင်း လေသံနဲ့ ဆိုလာတယ်။ သူမက ခုနကလေးတင် သူမ ပါးရိုက်လိုက်တဲ့ မိန်းကလေးကို ကျေနပ်အားရနေဟန်နဲ့ ပြန်ကြည့်လိုက်သေးတာ။
"ပြန်ရိုက်ကြမယ်..." ဒါရိုက်တာကတော့ စိတ်ရှည်စွာ ပြန်ပြောလိုက်သတဲ့။
ကျန်ရုပ်ရှင်အဖွဲ့သားတွေအတွက်ကတော့ ဒီလို အရေးအရာတွေမှာ ဝင်စွက်ခွင့်မရှိ။ ရိုက်ဆိုတော့လည်း ပြန်ရိုက်ကြရတော့တာပေါ့။
မင်ရှု ပတ်ပတ်လည်ကို ကြည့်လိုက်တော့ သူမကိုယ်တိုင်က ထိုရှေးအဝတ်အစား အထူထဲကြီးများကို ဝတ်ဆင်လျင် ထိုင်နေမိသည်ကို သိလိုက်ရတယ်။
မင်ရှု ခေါင်းထဲ မေးခွန်းများ အစီအရီရောက်လာတော့တယ်။ သူမ နားမလည်နိုင်။
'ငါ ဘယ်သူလဲ...
ငါ ဘယ်ရောက်နေတာလဲ...
ငါ ဘာလုပ်နေတာလဲ...'
"အစ်မကျန့်ညန်... ကြည့်ရတာ သူတို့ ကြာဦးမယ် ထင်တယ်... အစ်မ အနောက်ဘက်သွားနားနေပါလား... အစ်မအလှည့်ရောက်ရင် ကျွန်မ ခေါ်လိုက်မယ်လေ..." ရုတ်တရက်ဆိုသလို၊ သူမအနားကို တစ်စုံတစ်ယောက် ချည်းကပ်လာပြီး အကြံပေးလာတယ်။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...