အမှန်တရားရဲ့ ဘက်တော်သား (၂၆)
~~~~~~~~~~~~~~~~~~~~~~~~~~~~အခုတလော ကျောင်းသူတွေ မိမိကိုယ်ကို အဆုံးစီရင်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာတော့ ဖန်ကျစ်ကော်အတော်လေး စိတ်ဆတ်နေတော့တယ်။ သူ့မှာ နောက်ခံအင်အားတောင့်တင်းတယ်ဆိုပေမဲ့ ဒီလိုတွေ ဆက်ဖြစ်နေမယ်ဆိုရင် လူထုက အာရုံစိုက်မိသွားတော့မှာပဲ။
"ဘာတွေ ဖြစ်ကုန်တာလဲ၊ မင်း သူတို့ကို ဘယ်လိုတွေ စည်းရုံးထားတာလဲ" ဖန်ကျစ်ကော် ဒေါသကို မထိန်းနိုင်တော့ဘဲ ရှိယာရှင်းကိုသာ ကျုံးအော်လိုက်တော့တယ်။
ရှိယာရှင်းကတော့ လက်နှစ်ဖက်ယှက်ထားလျက်၊ လက်ဖဝါးမှာ ချွေးစေးတွေ ပြန်နေလျက်နဲ့ပေါ့။ သူ အသံကတုန်ကရင်နဲ့ပဲ ဖြေရှာတယ်။ "ကျွန်မလည်း တတ်နိုင်သမျှ ကြိုးစားခဲ့တာပဲ"
ဖန်ကျစ်ကော် သူ့ကို ဝံပုလွေအရိုင်းကောင်လို အကြည့်တွေနဲ့ စူးစူးရဲရဲ စိုက်ကြည့်နေလိုက်တယ်။ သူ ရှိယာရှင်းရဲ့ လည်တိုင်ကို ဖမ်းကိုင်ထားလိုက်ပြီး သွားကို စေ့ကာ အံ တကျိတ်ကျိတ် ပြောလေတယ်။ "ငါ လိုချင်တာ မင်း အတတ်နိုင်ဆုံးကြိုးစားတဲ့ဟာကို မဟုတ်ဘူး... မင်းကို ဒီမှာ နေလို့ရအောင် ငါ ဘာလို့ စီစဉ်ပေးထားတာလဲ သိလား၊ မင်းအလုပ်ကို မင်း နိုင်အောင် မလုပ်နိုင်ရင် ဘာစောက်သုံးကျဦးမှာလဲ"
ရှိယာရှင်း သူ့ကို အတော်လေး ထိတ်လန့်သွားပုံပဲ။ ဖန်ကျစ်ကော် လက်ကို ပြန်ဆုပ်ကိုင်ထားရင်း ငိုယို တောင်းပန်နေတယ်။ "ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မ မှားသွားပါတယ်၊ ကျွန်မ တာဝန်မကျေမိလို့ပါ... သူတို့ကို နောက်တစ်ခါဆို ကျွန်မ သေချာ ချော့မော့ထားလိုက်ပါမယ်... သူတို့ ဒီလိုမျိုး လုပ်တာမျိုး ထပ်မဖြစ်စေရတော့ပါဘူး"
"တော်လောက်ပြီ" ဖန်ကျစ်ကော် သူ့ကို ပိတ်ပြောလိုက်တယ်။ ရှိယာရှင်း မတ်မတ်ရပ်နိုင်အောင် ပြန်ထူပေးလိုက်ပြီး အင်္ကျီလည်ပင်းကိုလည်း ပုံပြန်ကျသွားအောင် ပြင်ဆင်ပေးလိုက်တယ်။ သူ ညင်ညင်သာသာလေး ပြောလာပုံကလည်း တခြားသူတစ်ယောက်အဖြစ် ပြောင်းလဲသွားသလား မှတ်ရတယ်။ "ရှောင်ယာ... ငါ မင်းကို ခဏခဏပြောဖူးပါတယ်၊ သိပ်ပြီး နမော်နမဲ့ မနိုင်ပါနဲ့လို့... မင်း ဘာလို့ ငါ့စကား နားမထောင်တာလဲ ဟင်၊ သတိထားလို့ ပြောခဲ့တယ်လေ... သတိထားပါလို့..." ဖြန်း...!
أنت تقرأ
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
فكاهةဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...