ကောလဟလ ဘုရင်မ (၂၁)
~~~~~~~~~~~~~~~~~~~~~မင်ရှုနဲ့ ကျင်းယွိ နှစ်ဘက်စလုံးက သူတို့ရဲ့ TV ဒရာမာဇာတ်လမ်းတွဲတွေကို ဆောင်းရာသီ ပိတ်ရက်ရှည် အချိန်ကောင်းမှာ ထုတ်လွှင့်ဖို့ စီစဉ်ထားကြတာ။ ကျင်းယွိက ကြော်ညာဝင်နေတာ အတော်ကြပြီ။ နာမည်ကျော်သရုပ်ဆောင်တွေ ပါတာနဲ့၊ ဇာတ်လမ်းနာမည်ကြီး ဝတ္ထုဖြစ်နေတာနဲ့ဆိုတော့ သူတို့ ဇာတ်လမ်းတွဲကို မိတ်ဆက်အစမ်းပြမတိုင်ခင်ကတည်းက လူစိတ်ဝင်စားလာကြတယ်။
မင်ရှုရဲ့ ဇာတ်လမ်းတွဲကတော့ ပထမဆုံး ရိုက်ကွင်းစတဲ့နေ့က အစ၊ ပထမဆုံးအပိုင်း ရုပ်သံလွှင့်ခါနီးထိကို သတင်းငြိမ်သက်ကာသာ နေတယ်။ ဝန်ထမ်းတွေ အဖွဲ့သားတွေကတော့ မင်ရှု ကွယ်ရာမှာ စိတ်ပူနေကြပြီပေါ့။ သူတို့ သူဋ္ဌေးဘာတွေ လုပ်မလဲလို့သာ တွေးနေကြရတော့တယ်။
သူတို့ တွေးတော ပူပန်နေစဉ်မှာပဲ {ဘုံဖျားအလွန်}ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Blog ကနေ ဇာတ်လမ်းအစမ်းပြတစ်ခုကို တင်လာတယ်။ ဒါဟာ {ဘုံဖျားအလွန်}မင်းသမီး ပထမဆုံးအနေနဲ့ သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲပါလို့လည်း အထူးတလည် ထည့်သွင်း ပြောထားသေးတာပေါ့။
အစကတော့ ဒီမျက်နှာသစ်လေးကို {ဘုံဖျားအလွန်}ရဲ့ ဇာတ်ဆောင် မင်းသမီးအဖြစ် ရွေးလိုက်တုန်းက လူတော်တော်များများ ပါးစပ်အဟောင်းသား ဖြစ်ခဲ့ကြတာ။ အရင်က ဘာမှ သရုပ်မဆောင်ဖူးတဲ့ မျက်နှာသစ်လေးက ဘယ်လိုလုပ် အဓိကဇာတ်လိုက်နေရာမှာ အရွေးခံရတာလဲလို့ပေါ့။
အခုတော့ ဇာတ်လမ်း trailer တစ်ခု ရုတ်တရက်ပေါ်လာပြီး သူ ဇာတ်လမ်းတွဲတစ်ခုတောင် ရိုက်ပြီးနေပြီလို့ ပြောနေတဲ့ သဘောလား။
အင်တာနက်သုံးစွဲသူတွေလည်း မူလ Blog ထဲကို ဝင်ကြည့်ကြတော့တယ်။ - {တော်ဝင်ဧကရီ့မှတ်တမ်း} ဇာတ်လမ်းတွဲရဲ့ official blog ထဲကိုပေါ့။
တော်တော်များများကတော့ နားမလည်နိုင်ဘူး။ {တော်ဝင်ဧကရီ့မှတ်တမ်း}ဆိုတဲ့ ဇာတ်လမ်းတွဲက ရှိရော ရှိလို့လားပေါ့။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...