ရှုမငြီးသော နတ်ဆေးရှင် (၂၄)
~~~~~~~~~~~~~~~~~~~~~~~လျစ်လျူရှုခံထားရတဲ့ မြွေငပိန်းကတော့ စိတ်တွေ တိုနေပြီ။ အရင်ကတော့ ဒီလူသားဟာ သူ့ကို အဖက်မလုပ်ခဲ့တာ။ ဘာပဲ ပြောပြော သူ သည်းခံလို့ရသေးတယ်။ ဒါပေမဲ့ အခုက ကျန်တဲ့သူတွေပါ သူ့ကို အဖက်မလုပ်တော့အောင် လူသားမက လုပ်နေတာလေ။သည်းမခံနိုင်တော့ဘူး။
မြွေပိန်း စိတ်ဆိုးလွန်းလို့ သူ့အမြီးကြီးနဲ့ နွယ်ပင်လွှဲရိုက်သလို၊ ရှိုက်ချလိုက်တယ်။ အမြီးက မင်ရှုနဲ့ ရှောင်းရုဖုန်းဆီ တည့်တည့်ကြီး ရောက်လာတယ်။ သူတို့နှစ်ယောက်ကို ရစ်ပတ်ခွေသိမ်းလိုက်တော့မလိုပဲ။
မင်ရှုလည်း ဘေးကို ခုန်ပြီး အမြီးကို ရှောင်လိုက်နိုင်တယ်။ ဒါပေမဲ့ ရှောင်းရုဖုန်းကို ချီမ,လာကြတဲ့ ကိုယ်ရံတော်တွေဟာ လန့်သွားတာမို့ ရှောင်းရုဖုန်းကို ပစ်ချပြီး ကိုယ်လွတ်ရုန်းပြေးကြပါတော့တယ်။ ဒီတော့ ရှောင်းရုဖုန်းခမျာ မြွေအမြီးနဲ့ ပတ်အဖမ်းခံလိုက်ရတာပေါ့။
"ရွှီး ရွှီး-" 'မုန်းဖို့ကောင်းတဲ့ လူတွေ... အကုန်တစ်စစီ ဆွဲဖြဲပစ်မယ်
အထူးသဖြင့် ဟိုမိန်းမယုတ်ကို...'
မြွေငပိန်းလည်း တစ်ကိုယ်လုံး ကြွလိုက်လာပြီး မင်ရှုကို တိုက်ခိုက်ဖို့ ပြင်တော့တယ်။ ဒါပေမဲ့ ရုတ်တရက်ဆိုသလို သူ့ခန္ဓာကိုယ်ဟာ လေထဲမှာတင် တန့်သွားပြီး ချက်ချင်းကို နောက်ပြန်လှည့် လျှောတိုက် ထွက်ပြေးသွားပြန်တော့တယ်။
ဖုန်တောထဲမှာတော့ ရွှေရောင်ဧရာမမြွေကြီးတစ်ကောင်ရဲ့ သဏ္ဍာန်ဟာ တဖြည်းဖြည်းချင်း ပျောက်ကွယ်လို့ သွားခဲ့တယ်။ နေရာအနှံ့အပြားပြတ့်ကျဲနေကြတဲ့ အပျက်အစီးပုံတွေကြောင့်သာ မဟုတ်ရင် ရွှေမြွေကြီး ဘယ်တုန်းက မြို့ထဲ မဝင်လာခဲ့ဘူးလို့ ထင်ရလောက်အောင်ပဲ။
ဒါပဲလား။
"ဘာဖြစ်သွားတာလဲ"
"ဘာလို့ ထွက်သွားတာလဲ၊ ဒီမှာ ကောင်းခန်းရောက်နေတာ မဟုတ်ဘူးလား"
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...