ရှုမငြီးသော နတ်​ဆေးရှင်​ (၉)

2.4K 510 18
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၉)
~~~~~~~~~~~~~~~~~~~~~~

ဖုန့်​ချန်​ လက်​ကာပြလိုက်​တော့တယ်​။ "မင်း သွားလို့ရပြီ"

ပိုင်​ယန့်​ရန်​လည်း အံ့သြသွားတာပဲ။ ဒီလောက်​ပဲလား။ သူ မတော်​ချင်​သေးဘူး။ "သခင်​၊ တကယ်​တော့ ကျွန်​မ..."

"ရှောင်းရုဖုန်း... နင်​ဟာ အပျက်​မပဲ၊ မိမဆုံးမ မျိုးမစစ်​မ... နင်​ မှန်​ထဲ ပြန်​မကြည့်​ဘူးလား၊ နင့်​မျက်​ခွက်​ကို ပြန်​ကြည့်​လေ... နင့်​လို ရုပ်​ဆိုးမက ဘယ်​လိုလုပ်​ ရုဖေးကို ယှဉ်​ရဲတာလဲ" ဒေါသတကြီး အော်​ငေါက်​သံတွေက ပိုင်​ယန့်​ရန်​ရဲ့ စကားသံကို ဖုံးလွှမ်းသွားတယ်။ 

ဖုန့်​ချန်​ အသံလာရာဘက်​ကို လှမ်းကြည့်​လိုက်​တယ်​။ အုပ်​စုထဲက ကောင်​မလေးတစ်​ယောက်​နဲ့ တခြား ကျန်​တဲ့လူတော်​တော်​များများက ရှောင်းရုဖုန်းနဲ့ ထိပ်​တိုက်​တွေ့နေကြတာ။ စားစရာတွေလည်း မြေမှာ ပြန့်​ကျဲနေပြီ။ ရှောင်းရုဖုန်းကတော့ ခေါင်းငုံ့ထားတာမို့ သူ့မျက်​နှာထား ဘယ်​လိုရှိမှန်း မသိရဘူး။

ကောင်​မလေးက ရှောင်းရုဖုန်းကို မကြားဝံ့မနာသာ စကားလုံးတွေနဲ့ တော်​တော်​ကြာအောင်​ အနိုင်​ကျင့်​တယ်​။ ဒါတောင်​မှ သူ့အတွက်​ လုံလောက်​ပုံမရသေးဘူး။ ရှောင်းရုဖုန်းကို ကိုယ်​ထိလက်​ရောက်​ ရိုက်​နှက်​ဦးမလို့ပဲ။ ရှေင်းရုဖုန်းကလည်း ဒီလို နိုင်​ထက်​စီးနင်းလုပ်​တာကို ဘယ်​ကြာကြာ သည်းခံနိုင်​ပါ့မလဲ။

အကြီးအကျယ်​ ရန်​ပွဲကြီးတစ်​ခု စတင်​ဖြစ်​ပွားတော့မယ်​။

အဓိက ပါဝင်​သရုပ်​ဆောင်​သူများ : ရှောင်းရုဖုန်း၊ ဘာမဟုတ်​သော ကောင်​မလေး၊ ပိုင်​ယန့်​ရန်​နှင့်​ မြောက်​များစွာသော အရံများ။

ပရိသတ်​ : သေမင်းတောင်​ကြား၏ ရွှေတြိဂံအဖွဲ့။

အယ်​... ပြီးတော့ မိုးကြိုးကြောင်​တစ်​ကောင်​။

တစ်​ဖက်​မှာ မပြီးနိုင်​ မဆုံးနိုင်​ စကားများ ရနိသတ်​နေတဲ့အချိန်​ မိုးကြိုးကြောင်​ဟာ မြက်​တောခြုံတစ်​ခုထဲက ခုန်​ထွက်​လာတယ်​။ သူ့ခေါင်းကြီးကိုလည်း ကြောက်​ရွံ့သမှုနဲ့ ငုံ့ထားလေရဲ့။ ပြီးတော့ ပါးစပ်​ထဲမှာ ငုံထားတဲ့ ဥလေးကို ထွေးထုတ်​လိုက်​ပြီး မင်​ရှုဘက်​ရောက်​အောင်​ နှုတ်​သီးနဲ့ ထိုးကာ တွန်းပို့ပေးလိုက်​တယ်။

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိWhere stories live. Discover now