အမှန်တရားရဲ့ ဘက်တော်သား (၄)
~~~~~~~~~~~~~~~~~~~~~~~~~~~ကျောင်းသားကောင်လေး ထွက်သွားတာနဲ့ သူ ဘယ်သူများလဲလို့ မင်ရှု စစဉ်းစားမိတော့တယ်။
သူ့ကြည့်ရတာ မူလလုမုန်းကို သိနေပုံပဲ။
ဒါပေမဲ့ လုမုန်းကတော့ သူ့ကို သိမနေဘူး။
Host က လိမ္မာရေးခြားရှိတဲ့ ကျောင်းသူလေးဖြစ်နေချိန်မှာ အဲ့ဒီကောင်လေးက ဂျစ်ကန်ကန် ခပ်ဆိုးဆိုးရယ်၊ သူ ပေါင်းတဲ့ လူတွေကလည်း မူလလုမုန်းနဲ့ တူတာမဟုတ်ဘူး။ ဒီတော့ကာ တစ်ကျောင်းတည်းသာ တက်နေတာ သူတို့အချင်းချင်း တွေ့ကြ ဆုံဖြစ်ကြတာမျိုး မရှိခဲ့ဘူး။
'အိမ်း... ထားလိုက်ပါတော့၊ အစာ အရင်ရှာရမယ်'
အဖျားရှိနေတာကြောင့်မို့ မင်ရှု ရက်ပိုင်းလောက် အနားယူနေခဲ့ရတယ်။ အဲ့အချိန်အတောတွင်းမှာကို မင်ရှု ရှန်းကွမ်းဖုန်းကို ရိုက်ခဲ့တဲ့ကိစ္စက တစ်ကျောင်းလုံး ဟိုးဟိုးကျော်နေခဲ့ပြီ။
သုံးပွင့်ဆိုင်အချစ်ဆိုပဲ။
တစ်ယောက်က သူများချစ်သူကို လုတယ်ဆိုပဲ။
အတင်းပြောတတ်တဲ့ ကျောင်းသားကျောင်းသူတွေဆို စာလုံးရေ သန်းတစ်ရာလောက်ရှိတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေ ဘာတွေတောင် ရေးပြီးနေပြီလား မသိဘူး။
ယောက်ျားတွေ အများကြီးကို ပြိုင်တူထည်လဲတွဲနေတာတောင် နာမည်ပျက်မထွက်တဲ့ ကျင့်ယွီချီကိုတော့ မင်ရှုလည်း လေးစားအံ့သြမိတယ်။
တကယ့်ဆရာမကြီးပဲ။
မင်ရှု နာလန်ပြန်ထတော့မှ ကျောင်းပြန်တက်တယ်။ ဒါပေမဲ့ သူ ကျောင်းစာသင်ခန်းထဲ ဝင်လိုက်တယ်ဆိုတာနဲ့ သူများတွေ ရှုတ်ချတာကို ခံရတော့တာပဲ။ ကျောင်းသားအချို့ဆို ရိသဲ့သဲ့နဲ့ လေချွန်ပြတာတွေရှိတယ်။
"ဒီလို အသက်ငယ်ငယ်လေးနဲ့ ယောက်ျားလေးတစ်ယောက်ကို မြူဆွယ်ရဲတာ၊ နည်းတဲ့ အရှက်နဲ့လားလို့... ရှန်းကွမ်းက သူ့အကြောင်းသိလို့ တော်သေးတယ်၊ မဟုတ်ရင် သူ အောင်မြင်သွားဦးမယ်..."
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...