အမှန်တရားရဲ့ဘက်တော်သား (၁၂)
~~~~~~~~~~~~~~~~~~~~~~~~~~~~ပြဇာတ်ဆိုတာ ဘာကြီးလဲ။
သူ့ မှတ်ဉာဏ်တွေထဲမှာတော့ ဇာတ်ထုတ်ဆိုတာ သူ နားမလည်နိုင်တဲ့ ခန်းနားဝင့်ကျယ်တဲ့ သရုပ်ဆောင် ဖျော်ဖြေမှုတစ်မျိုး။
ကျင့်ယွီချီ သူ့ကိုယ်စား စာရင်းပေးလိုက်တဲ့ ကိစ္စအပေါ် မင်ရှု နားမလည်နိုင်ဘူး။ ဒါပေမဲ့ ကောင်းသော ရည်ရွယ်ချက်နဲ့ မဟုတ်တာတော့ အသေအချာပဲ။
'အဲ့ဒါကို ငါက ကြောက်နေစရာလား
လူများလေလေ ကိစ္စများလေလေ ပိုစိတ်လှုပ်ရှားစရာဖြစ်လေပဲ...'
အနုပညာအသင်းခေါင်းဆောင်ကို မင်ရှု ဘာကြောင့် ကတိပေးခဲ့သလဲဆိုတာကို နားမလည်နိုင်တဲ့ ယဲ့မြောင်းမြောင်းက သူ့လက်ကိုဆွဲကာ မေးလာတယ်။ "မုန်းမုန်း... နင် ကိုယ်တိုင် စာရင်းပေးခဲ့တာ မဟုတ်ဘူးလေ၊ ဘာလို့ သဘောတူလိုက်ရတာလဲ"
"ပြဇာတ်လေးတစ်ခုပဲဟာကို... ဘာကြောက်နေစရာ ရှိလို့လဲ" မင်ရှု အာလူးကြော်ထုပ်ကို ဖောက်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်တယ်။ အသံကတော့ ဂုဏ်ဆာနေချက်ပဲ။ "ငါက သရုပ်ဆောင်ခြင်းကို စောင့်တဲ့ နတ်ပဲ... သူတို့ ဇာတ်ကတဲ့နေရာမှာ ငါနဲ့ လာကစားရဲရင် ပယ်ပယ်နယ်နယ်ကို ရှုံးနိမ်သွားစေရမယ်..."
"မုန်းမုန်း နင် အရင်က ပြဇာတ်မကဖူးဘူးလေ" ယဲ့မြောင်းမြောင်း စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။ "နင် ထင်တာထက် ခက်နေမယ်နော်"
မင်ရှုကတော့ ယဲ့မြောင်းမြောင်း ပုခုံးကို ပုတ်ပုတ်ပြီး ဖြေသိမ့်လိုက်တယ်။ အပြုံးကတော့ မပျက်ဘဲ။ "မစိုးရိမ်နဲ့ဟ၊ ငါ မရှင်းနိုင်တဲ့ ကိစ္စဆိုတာ မရှိဘူး"
"..."
မင်ရှုကသာ ဘယ်လိုမှ မနေတာ။ ယဲ့မြောင်းမြောင်းကတော့ သေလုမတတ် ပူပန်နေပြီ။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...