ကောလဟလ ဘုရင်မ (၉)
~~~~~~~~~~~~~~~~~~~~ထမင်းစားခန်းတွင်. . .
တူသံ ခက်ရင်းသံ ရံဖန်ရံခါ ထွက်လာတာကလွဲရင် စားပွဲဝိုင်းကြီးတစ်ခုလုံး တိတ်ဆိတ်လို့နေတယ်။ မင်ရှုကတော့ ၁၀၀ ရာခိုင်နှုန်းလုံး အစားစားဖို့ပဲ အာရုံရောက်နေတာ။ မျက်နှာချင်းဆိုင်ကလူတွေ သူမကို ထိုင်ကြည့်နေတာလည်း မမှုဘူး။
"အဟမ်း..." ဖေဖေကျန့် ချောင်းဟန့်သံပြုလိုက်ပြီး မျက်နှာကြောတင်းတင်းနဲ့ ဆိုလာတယ်။ "ကျန့်ညန်၊ အိမ်ကို ဘာလာလုပ်တာလဲ..."
"ဒင်နာ လာစားတာလေ..." မင်ရှုက ပြန်ဖြေတယ်။ ပါးလုပ်ပါးလောင်းနဲ့ ဖြေတာဆိုတော့ အသံတောင် သိပ်မပီချင်ဘူး။
". . ."
မေမေကျန့်ကတော့ စားပွဲအောက်ကနေပြီး သူမယောက်ျားကို ကန်လိုက်တယ်။ ပြီးတော့ မင်ရှု ပန်းကန်ထဲ ဟင်းတွေ ပိုထည့်ပေးရင်း အကျေနပ်ကြီးစွာ ပြုံးနေလေရဲ့။ "ကလေးက အိမ်မှာ ရှားရှားပါးပါး ထမင်းလာစားတာကို၊ ပြောစရာရှိတာတွေ နောက်မှ ပြော... လာ ညန်ညန် ရော့၊ ဒီငါးသိုင်းဟင်းက သမီးအကြိုက်ဆုံးလေးပဲ..."
အရင်ကဆို၊ သူမ အိမ်ပြန်လာတယ်ဆိုရင်တောင် သူတို့နဲ့ စကားများ အငြင်းပွားဖို့လောက်ပဲ။ အခုလို ညစာကို တိတ်တိတ်ဆိတ်ဆိတ် လက်ဆုံစားရတယ်လို့ မရှိတာ ဘယ်လောက်ကြာနေပြီလဲ။
ကျန့်ရွှင်ကတော့ မင်ရှုဘေးတစ်ဖက်မှာ ထိုင်နေတာ။ သူ့တူတွေကတော့ လှုပ်မနေတော့ဘူး။ သူ ဘာမှ မယ်မယ်ရရမစားဖြစ်ပဲ၊ တစ်စုံတစ်ရာကိုသာ ငူငူကြီး ထိုင်စဉ်းစားနေတယ်။
မင်ရှုကတော့ စားပွဲပေါ်က ဟင်းပွဲတိုင်းလိုလိုကို အပြောင်တီးသွားတာပဲ။ ကျန့်မေမေမှာ ကျေနပ်ရမလို၊ စိုးရိမ်ရမလိုတွေကို ဖြစ်လို့။ သူမရဲ့ သမီးရတနာလေး အပြင်မှာ ဝဝလင်လင်ရော စားရရဲ့လားလို့ သံသယတွေ ဝင်လာမိပြီ။
"ညန်ညန်၊ အမေတို့နဲ့ လာနေပါတော့လားကွယ်... ကြည့်ပါဦး သမီးလေး ပိန်သွားလိုက်တာ၊ သမီး အပြင်မှာ တစ်ယောက်တည်းနေနေတာ စဉ်းစားမိရင် မေမေ စိတ်ပူတယ်ကွယ်" ကျန့်မေမေ မျက်ရည်လည်လာပြန်တယ်။ သူမက ချစ်သမီးလေးကို မျက်ရည်တွေ ဝဲလာရင်း ကြည့်နေပြန်ရော။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...