ကောလဟလ ဘုရင်မ (၇)
~~~~~~~~~~~~~~~~~~~~မင်ရှု နဉ်ခယ့်ချင်း အနားက ဆုတ်သွားလိုက်တော့ သူတို့ နှစ်ယောက်ကြားကနေ နဉ်ခယ့်ချင်း လက်ရုတ်လိုက်တာကို အများက တွေ့လိုက်ရတာပေါ့။
မင်ရှုခြေရင်းမှာ ပြန့်ကြဲနေတဲ့ ပုလဲလုံးတွေက ကော်ဇောရောင်နဲ့ အရောင်ချင်းဆင်နေတာ။ ခုနတုန်းက သတင်းထောက် အချို့ ဓာတ်ပုံရိုက်ထားတဲ့အထဲ နဉ်ခယ့်ချင်း ပုလဲလုံး အနီရောင်လေးတွေ စီထားတဲ့ လက်ကောက်ဝတ်ထားပုံ ပါနေသေးတယ်လေ။
မင်ရှုရဲ့ တုန့်ပြန်ပုံကြောင့် နဉ်ခယ့်ချင်း အံ့အားသင့်သွားပြီး တဒင်္ဂတော့ ဘယ်လို တန်ပြန်တုန့်ပြန်ရမယ် မသိဖြစ်သွားပုံရတယ်။ နောက်တော့မှ သူမ မျက်နှာ အမူအရာကို ပြင်ဆင်လိုက်ပြီး တောင်းတောင်းပန်ပန်ဟန်နဲ့ ဆိုတော့လေတယ်။ "ကျွန်မ တောင်းပန်ပါတယ်... အစ်မကျန့်ညန်ရယ်... ပြတ်သွားတာကို ကျွန်မ သတိမထားမိလိုက်တာ..."
မင်ရှု အပြုံးလည်း ပိုပွင့်လင်းလာတော့တယ်။ "ဟုတ်ပါပြီ... ချိမရယ် နောက်တစ်ခါ လက်ကောက်တွေ ဝယ်ရင် ဒီလိုဟာမျိုးတွေ မဝယ်နဲ့ပေါ့... ပေါပေါပဲပဲ အညံ့စားတွေ... ပြုတ်ထွက်နိုင်လွန်းပုံကလည်း တို့တောင် ချော်လဲတော့မလို့... နောက်ခါတွေ ခုလိုဖြစ်လို့ သူများတကာ တကယ်ကြီး ချော်လဲသွားခဲ့ရင် မင်း ထပ်ပြီး တောင်းပန် နေရဦးမယ်နော်..."
သူတို့အနားမှာရှိနေတဲ့ သတင်းထောက်တွေ တီးတိုးဝေဖန်ကြကုန်တော့တယ်။ အမှန်တရားက သိသာလွန်းနေတာကိုး။
သူတို့လို အနုပညာကြယ်ပွင့်တွေက အပေါစား အတုများ ဘယ်တော့မှ ဝယ်ဆင်မှာမဟုတ်။ အစစ်ဆိုတာကလည်း အရည်အသွေးကောင်းတာမို့ ဒီလက်ကောက် ပြတ်သွားတာဟာ ဝတ်ဆင်သူက ဆွဲဖြတ်လိုက်တာကြောင့်သာ ဖြစ်ဖို့များတယ်။
သံသယအကြည့်တွေချည်း ဝန်းရံခံလာရတော့ နဉ်ခယ့်ချင်း မင်ရှုကို မကျေမနပ် မျက်စောင်းခိုးထိုးလိုက်မိတော့ပြန်တယ်။ သူမ မင်ရှုရဲ့ အပြုံးကို မုန်းတယ်။ မင်ရှု အပြုံးက နွေးထွေးပြီး သဘောထားကြီးယောင်ပေါက်ပေမယ့်လည်း သူမ အတွက်တော့ လှောင်ပြောင်နေသယောင် ဖြစ်နေတယ်။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...