ရှုမငြီးသော နတ်ဆေးရှင် (၁၂)
~~~~~~~~~~~~~~~~~~~~~~~"တွေ့လား... နင်တို့ ပြဿနာကို ငါ ရှင်းပေးလိုက်ပြီ၊ ငါ့ကို ကျေးဇူးမတင်ချင်ကြဘူးလား..." 'ပြောပါတယ်၊ ငါဟာ စိတ်ပုပ်မ မဟုတ်ဘူးဆွာ...'
[…] 'ဒီစကား မပြောခင် လက်ထဲက ရောင်စုံဥကို အရင်ချထားလိုက်ပါလား'
ကျန်တဲ့သူတွေလည်း မြေပေါ်ကနေ အလူးအလဲထကာ မင်ရှုကို ကြည့်လိုက်ကြတော့တယ်။ မင်ရှုရဲ့ အပြုံးမျက်နှာဟာ တကယ်ကို အမြင်ကတ်စရာ ကောင်းလာပြီ။ မင်ရှုလက်ထဲမှာ ရောင်စုံဥလေးကို ကိုင်ထားဆဲဆိုတာ တွေ့လိုက်ရချိန်မှာတော့ ခုနက ကျေးဇူးဆင်ချင်စိတ်ကလေး နည်းနည်း ပေါ်လာခဲ့ရင်တောင် ပျောက်သွားတော့တာပဲ။
"နင်..." ဥက ဘာလို့ သူ့လက်ထဲ ဆက်ရှိနေတာလဲ။ ဒါဆို မိုးကြိုးကြောင်ယူသွားတာက ဘာကြီးလဲ။
မင်ရှု ဥကို လွှင့်ပစ်လိုက်တာ သူတို့ အသေအချာကြီးတွေ့လိုက်တာပဲလေ။
ဟိုမြွေနဂါးကြီးက ဒီဥကို လိုချင်နေတာ။ အလှည့်စားခံလိုက်ရတာသာ သိရင် နောက်ဆက်တွဲက မတွေးဝံ့စရာပဲ။
"သခင်၊ ကျွန်တော်တို့ အခု ဘယ်လိုလုပ်ကြမလဲ" ရှောင်းရုဖုန်းကိုလည်း မြွေကြီးက ဖမ်းခေါ်သွားသေးတယ်။
ဒါပေမဲ့ ဒီလူတွေ ရှောင်းရုဖုန်းကို သွားမကယ်ချင်ဘူး။ သခင်ခုနစ် အစီအစဉ်ဘယ်လို ရှိမှန်းလည်း မသိရဘူး။
"မင်း ဒီမှာနေခဲ့၊ ကျန်တဲ့သူတွေ ငါနဲ့ လိုက်ရမယ်" ဖုန့်ချန်က ပြောပြောဆိုဆို မင်ရှုကို လှမ်းကြည့်လိုက်တယ်။
"သခင်၊ ဒီမြွေကြီးကို ရင်ဆိုင်ရလွယ်မှာ မဟုတ်ပါဘူး... ဒီလိုမျိုး နောက်ကလိုက်သွားတာ မသင့်တော်ပါဘူး" ကိုယ်ရံတော်ကလည်း ဖုန့်ချန်ကို မသွားဖို့ ဖြောင်းဖြရှာတယ်။
ဒါပေမဲ့ ဖုန့်ချန် သူ့ကို ပြန်ကြည့်လိုက်တဲ့အခါမှာတော့ ကိုယ်ရံတော်လည်း နှုတ်ဆိတ်သွားရတော့တယ်။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...