ကောလဟလ ဘုရင်မ (၁၆)
~~~~~~~~~~~~~~~~~~~~~~'နင် ငါနဲ့ နှစ်ယောက်တည်း စကားပြောချင်တယ်၊ ဆိုတော့ ငါ့အတွက် ထောင်ချောက်ဆင်ထားတာမျိုးရှိနေနိုင်တယ်...
အဲ့သလိုထောင်ချောက်တွေအကြောင်း ငါ လေ့လာထားပြီးပြီ... ထုံးစံအရဆို၊ ငါသာ သူ့နောက်လိုက်သွားမိရင် ထောင်ချောက်မိရင် မိ... မမိရင် သူ ငါ့ကို လက်စတုံးမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာ ငါ ဒုက္ခရောက်သွားမယ်...
ဆိုတော့—
ငါ ဘာလို့ သွားနေမလဲ...
မသွားဘူးဟာ...!'
နဉ်ခယ့်ချင်း အံ့အားသင့်သွားပြီး ဘယ်လိုဖြေရမလဲ မသိတော့ဘူး။
"အစ်မကျန့်ညန်၊ ကျွန်မ ရှင်နဲ့ စကားပြောချင်ရုံလေးပါ... တခြား ဘာသဘောမှ မပါဘူး..." နဉ်ခယ့်ချင်း သူ့အသံကို ပိုနူးညံ့အောင် လုပ်ပြောပြောပြီး ရုပ်ကိုလည်း အပြစ်ကင်းယောင်ဆောင်ထားလိုက်တယ်။
"ငါမှ မပြောချင်တာ..." မင်ရှု ပြုံးလိုက်တယ်။ "နင် ငါ့ရှေ့မှာ မျက်နှာပြရဲသေးရင် နင့်ကို ရိုက်ထုတ်မိတော့မယ်...!"
ဒီစကားတစ်ခွန်းကြောင့် နဉ်ခယ့်ချင်းလည်း အရင်ကဘာတွေဖြစ်ခဲ့တယ်ဆိုတာ ပြန်အမှတ်ရသွားပြီး မျက်နှာပျက်သွားတော့လေတယ်။ အဲ့အဖြစ်က သူ့ကို တော်တော်လည်း ထိခိုက်နစ်နာသွားစေတယ်။ အဲ့အဖြစ်ကို ပြည်ဖုံးကားချနိုင်ဖို့အတွက် လီရှောက်နန်လည်း အချိန်တွေကုန်၊ ငွေတွေ ဖြုန်းခဲ့လိုက်ရတယ်။
"အစ်မကျန့်ညန်၊ ဘာတွေ ကြောက်နေတာလဲ" နဉ်ခယ့်ချင်းကတော့ လက်မလျှော့။ သူ့ကို လာထိခိုက်ရင် ခွင့်လွှတ်နိုင်စရာအကြောင်းမရှိဘူးဆိုတာ ကျန့်ညန် ဒီနေ့ပဲ သိသွားစေရမယ်။
"တော်ကြာ ငါ နင့်ထက် ပိုလှသွားမှာစိုးလို့..."
"…" သူ့အဖြေကြီးက ရန်စလွန်းရာမရောက်ဘူးလား။
နဉ်ခယ့်ချင်း ဘေးဘီဝဲယာကြည့်လိုက်တော့ ဒီဘက်မှာဖြစ်ပျက်နေတာတွေကို ဘယ်သူမှ အာရုံမစိုက်ကြတာကို တွေ့လိုက်ရလေတယ်။ မျက်လုံးတွေမှာ အမုန်းမီးဟုန်းဟုန်းတောက်လျက် သူ ရှေ့ဆက်လှမ်းလိုက်တယ်။ ပြီးတော့ ခြေထောက်ခေါက်လဲချင်ယေူင်ဆောင်ပြီး မင်ရှုကို ခုန်အုပ်ပါလေရော။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...