ကောလဟလ ဘုရင်မ (၁၈)
~~~~~~~~~~~~~~~~~~~~~{ဘုံဖျားအလွန်}ရုပ်ရှင်ရဲ့ အဓိကဇာတ်ဆောင်အမျိုးသမီးနေရာရွေးချယ်တာရဲ့ ရလဒ်က လူတော်တော်များများကို အံ့သြသွားရစေတယ်။ မင်းသမီးက နာမည်ကြီး ကြယ်ပွင့်ဟုတ်မနေသလို၊ နောက်ခံအင်အားတောင့်တဲ့ သူဋ္ဌေးသမီးလိုလည်း မဟုတ်ဘူး။ ဒီအတိုင်း တက်သစ်စလေးပဲ။
ဘယ်သူမှ အင်တာနက်မှာတောင် မတွေ့ဖူးသေးတဲ့ မျက်နှာသစ်လေး။
နောက်တော့ လူမှုကွန်ယက်အသုံးပြုသူတစ်ဦးက သူ့အကြောင်းတွေကို ဖော်ထုတ်လိုက်တယ်။ သူက ကြယ်ရောင် Entertainment က တင်ပေးတဲ့ မင်းသမီး။ ပြီးတော့ ရုပ်သံပိုင်းဆိုင်ရာ နာမည်ကြီးတက္ကသိုလ်ကနေ ဘွဲ့ရထားတာ။ ကျောင်းမှာ အမှတ်တွေ အဆင့်တွေ ကောင်းမွန်ထူးချွန်သလို၊ ဂုဏ်သတင်း သန့်ရှင်းပြီး လှပတယ်။ ဒါပေမဲ့ ဖျော်ဖြေရေးလောကမှာတော့ သူ ထင်သလောက်မအောင်မြင်ဘူး။ သူ့အကျင့်စရိုက်ကြောင့် လူတော်တော်များများကို သွားပြီး မျက်စိဆံပင်မွေးစူးထားစေပုံပဲ။ ဒါ့ကြောင့် သူ ကျောင်းပြီးကတည်းက ဘယ်ကားမှ မည်မည်ရရ မရိုက်ရသေးတာ။
{ဘုံဖျားအလွန်}ရဲ့ ဇာတ်ဆောင်နေရာကို မရလိုက်တော့ နဉ်ခယ့်ချင်း အိနြေ္ဒရရတောင် မနေနိုင်တော့ဘူး။ သူ ရလဒ်အဖြေကို စောင့်နေတုန်းကဆို သူ ဒီနေရာ မရဘူးဆိုရင်တောင် ကျန့်ညန် ရသွားလို့ပဲနေမှာလို့ ထင်ခဲ့တာ။ ဒါပေမဲ့ ဒီနေရာရသွားတဲ့သူက မျက်နှာသစ်သရုပ်ဆောင်လို့ ပြောတယ်။
ကြယ်ရောင် Entertainment ရဲ့ မျက်နှာသစ်လေး။
နဉ်ခယ့်ချင်း ဒါကို လက်မခံနိုင်တာ။
သူ လီရှောက်နန်ဆီ သွားလိုက်တယ်။ ဒါပေမဲ့ လီရှောက်နန်က ခုနောက်ပိုင်း သူ့ကို လက်ခံမတွေ့တော့ဘူး။ သူ လီရှောက်နန်ကို ကုမ္ပဏီမှာ မတွေ့တော့ သူ့တိုက်ခန်းကို လိုက်သွားလိုက်တယ်။
ဒါပေမယ့် နဉ်ခယ့်ချင်း သူ့ကို မတွေ့ရသေး။ သူ တိုက်ခန်းမှာလည်း ရှိမနေဘူး။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...