ရှုမငြီးသော နတ်ဆေးရှင် (၃၄)
~~~~~~~~~~~~~~~~~~~~~မင်ရှု အစာတွေ အလုခံလိုက်ရတာနဲ့ ရုတ်တရက်ကြီး သွေးပေါင်ကျသွားသလို ခံစားရတော့တာပဲ။ သူ့ကိုယ်ထဲမှာ ပကောင်တွေ ရှိနေတယ်ဆိုတာကြောင့် အံ့သြမင်သက်နေရတဲ့ ချင်းချန်တောင် သူမရဲ့ ပုံမှန်မဟုတ်တဲ့ "အခြေအနေ"ကို သတိထားမိသွားတယ်။
"မင်း ဘယ်သွားမလို့လဲ" ချင်းချန် မင်ရှု လက်ကို ဆွဲထားလိုက်ပြီး မေးတော့တယ်။ "လုပ်ပါဦး၊ သမားတော်ကြီးရယ်၊ ကျုပ် ကိုယ်ထဲက အကောင်တွေ ထုတ်ပေးပါ"
သူ့ကိုယ်ထဲမှာ မျှော့လို သံလို အကောင်တွေ ရှိနေတာကို စဉ်းစားမိရုံနဲ့ ချင်းချန် တစ်ကိုယ်လုံး ယားလာမိသလိုလိုပဲ။
မင်ရှုကို ချင်းချန် ဆွဲထားတုန်း အကောင်ငယ်လေးကတော့ မြက်ရိုင်းတောထဲမှာ ပုန်းစရာနေရာရှာပြီးနေပြီ။ ဘာသဲလွန်စ ခြေရာလက်ရာမှ မချန်ရစ်ခဲ့ဘူး။
'လခွမ်း ဒီအရူး တမင်တကာ လုပ်တာမဟုတ်လား၊ ဟိုပိန်းတိန်းလေး ငါ့မုန့်မုန့်တွေ ခိုးသွားလို့ရအောင် ကူညီပေးနေတာ...!'
မင်ရှု နေရာမှာတင် စက္ကန့်ပိုင်းလောက် ဆက်ရပ်နေပြီးတော့မှ ပြန်ထိုင်ချလိုက်လေတယ်။
"မသေနိုင်တဲ့ ပိုးကောင်တွေအကြောင်း ကြားဖူးလား"
"မသေနိုင်တဲ့ ဖုတ်ကောင်တွေပဲ ကြားဖူးတယ်" ချင်းချန် အမှန်အတိုင်းပဲ ပြန်ဖြေလိုက်တာ၊ မင်ရှုက ရယ်ပါလေရော။
'ဒီမိန်းမက အပြုံးတစ်ခုနဲ့တင် ခံစားချက်တွေ အကုန်ဖော်ပြနိုင်တာပဲ' ချင်းချန် မင်ရှုကို သဘောကျမိတော့တယ်။
"ဖုတ်ပိုးမွှားဆိုတာ လူ့ခန္ဓာကိုယ်မှာ တွယ်ကပ်ပြီးနေတဲ့ ကပ်ပါးကောင်တစ်မျိုးပဲ၊ လူရဲ့ အာဟာရနဲ့ အသက်ဓာတ်ကို စုပ်ယူပြီးအသက်ဆက်ကြတယ်၊ လက်ခံကောင်ဖြစ်တဲ့ လူသားမှာ တစ်ခုတစ်လေ နှလုံးခုန်မြန်တာ၊ အသက်ရှူရခက်တာ စတဲ့ လက္ခဏာတွေ ခံစားရပြီး အသက် ၃၀ ကျော်တဲ့အထိ အသက်မရှင်ဘူး...
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...