အမှန်တရားရဲ့ ဘက်တော်သား (၉)
~~~~~~~~~~~~~~~~~~~~~~~~~~~ကျောင်းနောက်ကွယ်က မကောင်းမှုတွေ ဖော်ထုတ်ဖို့ မင်ရှု တာဝန်အပေးခံရတဲ့အခါမှာမှ ကျောင်းဆောင်ဟောင်းမှာ ကြားခဲ့ရတဲ့ စကားတွေကို ပြန်သတိရမိလာတော့တယ်။
သူတို့ပြောနေတဲ့ စကားတွေထဲမှာတော့ အရေးပါတဲ့ အချက်အလက် သတင်းအစအနတွေ မရှိဘူး။ ဒါပေမဲ့ သူတို့ မကောင်းတာတစ်ခုခု လုပ်နေတယ်ဆိုတာကိုတော့ မင်ရှု သေချာသလောက်ရှိသွားပြီ။
'ထားလိုက်ပါတော့... အချိန်ရတော့မှ စဉ်းစားတော့မယ်...'
ခုထက်ထိ ထွက်မသွားသေးတဲ့ ကျောင်းသားလေးကို မင်ရှု ကြည့်ရင်း လှည့်မေးလိုက်တော့တယ်။ "နင့်နာမည်က ဘာလဲ..."
"နင် မေးမှ မေးပါ့မလားလို့..." လုမုန်း သူ့နာမည်ကို တော်တော်ကြာတဲ့အထိ မမေးသေးသလို၊ သူ့ကို ခေါ်လည်း မခေါ်ဘူး။ လုမုန်းက သူ့ကို သူစိမ်းတစ်ယောက်ကို ကြည့်သလိုပဲ ကြည့်တယ်။ သူ သူ့ကို မသိတာပဲ။
'လျှာကြောတွေ ရှည်နေလိုက်တာ... ငါ့မေးခွန်းကို ထားလိုက်ပါတော့...'
မင်ရှု ထရပ်လိုက်ပြီး ငွေရှင်းတယ်။ ပြီးတာနဲ့ ဘေးကပ်လျက်မှာရှိနေတဲ့ ကိတ်မုန့်ဆိုင်ကို ဝင်တော့တာပဲ။ ကျောင်းသားလေးကလည်း ဘာမှ မပြောနိုင်ဘဲ နောက်က လိုက်လာလေတယ်။
ဒီကောင်မလေးအကြောင်း သူ သိသိသမျှကို အသစ်ပြန် မှတ်သားမှ ဖြစ်တော့မယ်ထင်တယ်။
"ငါ့နာမည်က ချန်ယန်... 'ဟဲ့ချူးရှီကွေ့ချန်'က ချန်ရယ်... 'ယန်ယန်မုရှင်းကွမ်'က ယန်ရယ်..." သူက ကျောင်းမှာ နာမည်ကြီးဆိုတော့ သူ့နာမည်ကို ကောင်မလေး ကြားဖူးမယ်လို့ သူ တထစ်ချယုံကြည်ထားတယ်။
ဒါပေမဲ့...
မင်ရှုကတော့ သူ့ကို ထူးထူးဆန်းဆန်းအကြည့်နဲ့ လှမ်းကြည့်ရုံသာ ကြည့်လေတယ်။
'သူ့ကို ပထမဆုံးတွေ့ဖူးတဲ့သူတဲ့ ကျောင်းသားငမွဲလေးလို့ပဲ ထင်ကြမှာ... ဘာလို့ သူ့ကိုယ်သူ ဒီလိုတခန်းတနားတွေ မိတ်ဆပ်ပြနေတာတုန်း...
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...