ရှုမငြီးသော နတ်ဆေးရှင် (၁၇)
~~~~~~~~~~~~~~~~~~~~~~~သူ့ကို ဘယ်သူမှ မကြိုဆိုကြတာ ရှောင်းရုဖုန်း သိတယ်။ ဒါပေမဲ့ ဒီလောက်ထိ နှိပ်ကွပ်ခံနေရမယ်လို့ သူ မထင်ခဲ့မိဘူး။ ရှောင်းအိမ်တော်က ဘယ်သူမှ သူ့ဘက်ကနေ ရပ်တည်မပေးခဲ့ဘူး။ ရပ်တည်ပေးရမဲ့အစား အပြင်လူတွေနဲ့ ပေါင်းပြီး ရှောင်းရုဖေး ဘယ်မှာလဲလို့ မေးခွန်ူထုတ်နေခဲ့ကြတယ်။
သူ့ကို ကျစ်ပေါ်ဆိုတဲ့ မိန်းမက ပြန်ပို့ပေးခဲ့တာလေ။ ရှောင်းရုဖေးနဲ့ ကျန်တဲ့သူတွေ ဘယ်ရောက်နေမှန်း သူလည်း တကယ်ကို မသိဘူး။
နောက်ဆုံးတော့ ရှောင်းရုဖုန်းကို ရှောင်းအိမ်တော်ရဲ့ မြေအောက် အကျဉ်းခန်းထဲ လှောင်ပိတ်ထားလိုက်ကြတော့တယ်။ ရှောင်းရုဖေး ဘယ်မှာလဲဆိုတာ မပြောမချင်း သူ့ကို လွှတ်မပေးဘူးလို့လည်း ခြိမ်းခြောက်ခဲ့ကြသေးတယ်။
ဒီမြေအောက် အကျဉ်းခန်းကနေ လွတ်မြောက်ဖို့ လွယ်မှာ မဟုတ်ဘူး။
ရှောင်းရုဖုန်း ထွက်ပြေးဖို့ နည်းလမ်း ရှာမတွေ့နိုင်သေးခင်မှာပဲ သခင်ခုနစ်နဲ့ ရှောင်းရုဖေးတို့ ပြန်လာပြီဆိုတဲ့ သတင်း ကြားလိုက်ရတော့တယ်။ ဒါပေမဲ့ ရှောင်းရုဖေး ဒဏ်ရာ အပြင်းအထန်ရထားပြီး အသက်အန္တရာယ် ရှိနေတယ်တဲ့။
သြဇာရှိ အိမ်တော်ကြီးတွေနဲ့ တော်ဝင်ကျောင်းတော်က ပူးပေါင်းပြီး ကယ်ဆယ်ရှာဖွေရေးတွေ လုပ်တော့မှ ကျန်တဲ့ ကျောင်းသားကျောင်းသူတွေ ပြန်လာနိုင်ကြတော့တယ်။
ရှောင်းရုဖေးလည်း အချိန်တော်တော်ကြာအောင် သတိလစ်မေ့မြောနေခဲ့တယ်။ ရှောင်းအိမ်တော်ဘက်ကလည်း ကုန်းမြေတိုက်အနှံ့အပြားက သမားတော်တွေ၊ ဆေးဆရာတွေ ပင့်ဖိတ်ပြီး ကုသပေးတာပေါ့။ ဒါပေမဲ့ ဘယ်သူမှ ရှောင်းရုဖေးကို မကုပေးနိုင်ကြဘူး။
နာကျည်း ခါးသီးမှုတွေ ပြည့်ကြပ်လာတဲ့ ရှောင်းရုဖေးအမေဟာ သူ့ဒေါသအာဃာတတွေ အားလုံးကို ရှောင်းရုဖုန်းအပေါ် ပုံချလာတော့တယ်။ ရှောင်းရုဖုန်းခမျာ ချီအတွင်းအားတွေ ဖိနှိပ်ခံရအောင်လို့ ဆေးရည်တွေ အတင်းအကြပ်တိုက်ကျွေးခံခဲ့ရတယ်။ သူ့မှာ ပြန်လည်ခုခံဖို့ အင်အားလေး နည်းနည်းတောင် မရှိခဲ့ဘူး။ တစ်ခေါက်ထက် တစ်ခေါက် သူ သေလုမြောပါး နှိပ်စက် ခံနေရတယ်။
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...