ရှုမငြီးသော နတ်ဆေးရှင် (၄၁) (သိမ်း)
~~~~~~~~~~~~~~~~~~~~~~~~~~~~"ဟွေ့ရွှယ်လား" ချင်းချန် အံ့သြသွားမိတယ်။ 'သူနဲ့ စောက်ရူးမနဲ့က မခွဲနိုင် မခွာရက်တွေ မဟုတ်လား၊ ဘယ်လိုလုပ် သူက ငါ့ကို လာရှာတာတုန်း'
"သူ ဘာလို့ လာတာလဲ၊ သူ ဘယ်မှာလဲ"
"ဟွေ့ရွှယ် မိန်းကလေး ကြည့်ရတာ ဒဏ်ရာ ပြင်းထန်ပုံပဲ၊ ကျွန်တော် သူ့ကို အိမ်တော်ရဲ့ အနောက်ခန်းမဆောင်မှာ နားနေဖို့ ပြင်ဆင်ပေးထားပါတယ်၊ ကျွန်တော် သူ့ကို ဒဏ်ရာ အရင်ကုပေးမလို့ပဲ ဒါပေမဲ့ သူက သခင့်ကိုပဲ တွေ့ခွင့်တောင်းနေတယ်"
ချင်းချန် စောင်ကို ဖယ်မလိုက်ပြီး ကုတင်ပေါ်က ဆင်းလာလိုက်တယ်။ "အဟွတ်... လာ သွားကြည့်ရအောင်"
"သခင်... ဒါ..." အစောင့်က ပြောချင်နေတဲ့ စကားတွေကို ပြန်မျိုသိပ်လိုက်ရတယ်။ သူ ချင်းချန်ကို အပေါ်ဝတ်ရုံတွေ ခြုံပေးလိုက်ပြီး အပြင်ကို တွဲကူခေါ်ထုတ်ပေးလာတယ်။
ဟွေ့ရွှယ်က ကုတင်ပေါ်မှာ၊ သူမ မျက်နှာတစ်ခုလုံး သွေးတွေ ဖုံးလို့၊ ဘယ်သူ ဘယ်ဝါဆိုတာကို ရုတ်တရက် ခွဲခြား မသိနိုင်လောက်အောင်ပါပဲ။
ချင်းချန် ကုတင်နားထိလျှောက်သွားလိုက်တယ်။ သူ ရင်တထိတ်ထိတ်နဲ့ပေါ့။ "ဘယ်လိုဖြစ်တာလဲ..." 'ဘာဖြစ်ကြတာလဲ...
ဟိုအရူးမရော အဆင်ပြေရဲ့လား'
ဟွေ့ရွှယ် သူမရှေ့မှာ ဘယ်သူရှိနေသလဲဆိုတာကို မနည်း ကြည့်နေရတယ်။ နောက်တော့ သူမ ဝတ်ရုံ အိတ်ထောင်တွေထဲ သေချာ လှန်လှောရှာဖွေပြီးနောက် ကြွေပုလင်းလးတစ်လုံးကို ယူထုတ်လိုက်ကာ ချင်းချန်ကို ပေးလိုက်ရင်း အသံမျော့မျော့လးနဲ့ ဆိုလေရဲ့။ "သခင်မလေးက သခင့်ကို ဒါလေး ပေးခိုင်းလိုက်လို့ပါ၊ သခင်မလေး ပြောတာက သခင့်ကို ကတိပေးထားတဲ့ ကိစ္စလုပ်ပေးပြီးပြီမို့ အခုကစပြီး တစ်ယောက်ကို တစ်ယောက် ဘာမှ အကြွေး မတင်တော့ဘူးတဲ့"
ကြွေပုလင်းလေးမှာ အကြည်ရောင်ဖြစ်နေတော့ အထဲက အနီရောင် အရည်တို့ အလင်းရောင်အောက်မှာ လဲ့နေတော့လေတယ်။ ချင်းချန် ကြွေပုလင်းကို စက္ကန့်ပိုင်းလောက် စိုက်ကြည့်နေခဲ့မိတယ်။ "သူ ဘယ်မှာလဲ"
YOU ARE READING
ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိ
Humorဝတ္ထုပေါင်း ဇာတ်လမ်းပေါင်း မြောက်များစွာကနေ ဖြစ်ပေါ်လာတဲ့ လောကတွေ ကမ္ဘာတွေဆီကို သွားလို့ရတယ်လို့ စိတ်ကူးကြည့်ပါလား။ သင်သာဆိုရင် ဘယ်ဇာတ်ရုပ်ကနေ နေမယ်လို့ စိတ်ကူးရှိပါသလဲ။ လျှမ်းလျှမ်းတောက်နေမယ့် ဇာတ်လိုက်ဖြစ်ချင်ပါသလား။ လူကောင်...