ရှုမငြီးသော နတ်​ဆေးရှင်​ (၈)

2.2K 496 9
                                    

ရှုမငြီးသော နတ်​ဆေးရှင်​ (၈)
~~~~~~~~~~~~~~~~~~~~~~

မင်​ရှုလည်း စိတ်​တိုတိုနဲ့ ထွက်​သွားတော့မလို့ပဲ။ ဒါပေမဲ့ မိုးကြိုးကြောင်​က သူ့အင်္ကျီစကို ကိုက်​ထားပြီး အော်​ညည်းလိုက်​တယ်​။ "အူးဝူ..."

မင်​ရှုလည်း သူ့အင်္ကျီကို ပြန်​ဆွဲဖို့ ကြိုးစားတာပေါ့။ ဒါပေမဲ့ မအောင်​မြင်​တာကြောင့်​ မိုးကြိုးကြောင်​ကို သက်​ပြင်းကြီး ချလျက်​ ပြန်​ကြည့်​လိုက်​တော့တယ်​။ နောက်​တော့ ခပ်​လှမ်းလှမ်းမှာ ကြောင်​ရပ်​နေတဲ့ လူစုဘက်​ကို ကြည့်​လာတယ်​။

"ဘယ်​သူ ကြောင်​ရဲ့ဥကို ခိုးထားတာလဲအေ... စားပစ်​လိုက်​... အဲ၊ ပြန်​ပေးလိုက်​ပြောတာ" 'မိုးကြိုးကြောင်​ဥက စားလို့ရလား သိချင်​မိတယ်​...'

"ဘာဥလဲ..."

"မသိဘူးလေ၊ ငါမှ မယူတာ..."

"ငါလည်း မယူဘူး... ငါ ဘာဥမှ မတွေ့ဘူး..."

"မိုးကြိုးကြောင်​တွေက ဥအုလို့လား"

ဒီမှတ်​ချက်​ထွက်​လာတာနဲ့ ဆူညံနေခဲ့တဲ့ အုပ်​စုကြီး ရုတ်​တရက်​ ငြိမ်​သက်​သွားလေတော့တယ်​။ မိုးကြိုးကြောင်​တွေက ဥအုမယ့်​အစား ကြောင်​ပေါက်​လေးတွေ အကောင်​လိုက်​မွေးတာကို ပြန်​သတိရသွားကြလို့လေ။ ဘယ်​လိုဥမျိုးကို သူ လိုက်​ရှာနေတာများလဲ။

"ဟုတ်​ပြီနော်​... ငါ တောင်းပေးထားတယ်​၊ နင့်​ဥကို သူတို့ ပြန်​ပေး မပေးဆိုတာကတော့ သူတို့ အပိုင်းပဲ၊ ကဲ... အခု ငါ့ကို လွှတ်​ပေးတော့" မင်​ရှု အင်္ကျီစကို ထပ်​ဆွဲလိုက်​ပြန်​တော့တယ်​။

မိုးကြိုးကြောင်​ဆီက တဂြီဂြီ ချွဲသံလေးတွေ ထွက်​လာတော့တယ်​။ ပါးစပ်​ကို မဟချင်​ ဟချင်​နဲ့ လွှတ်​ပေးလိုက်​ပြီးနောက်​ တစ်​ဖက်​ခြမ်းကို လှည့်​ဟိန်းဟောက်​လိုက်​လေရဲ့။ သူ့အဓိပ္ပါယ်​က ဥ ပြန်​ပေးရင်​ပေး၊ မပေးရင်​ သေလို့ ပြောချင်​တာ ဖြစ်​မှာပေါ့။

မင်​ရှုကတော့ ကြောင်​ကို အကြောင်းကြားလိုက်​ချင်​တာပဲ။ ဒီနေရာမှာ ဝတ္ထုရဲ့ ဇာတ်​လိုက်​ မင်းသားရော၊ ဇာတ်​လိုက်​မင်းသမီးရော ရှိနေတဲ့အပြင်​ ဇာတ်​လိုက်​မအတုပါ ရှိနေတယ်​ဆိုတာကိုပေါ့။ 'နင့်​ဘေးနားမှာ ဒဿမဆင့်​ စိတ်​ဝိညာန်​သားရဲကြီး ပါလာတယ်​ဆိုရင်​တောင်​ သူတို့ကို သတ်​နိုင်​မှာ မဟုတ်​ဘူး... ဒါ နင့်​ရဲ့ ကံကြမ္မာပဲ၊ နင့်​ဥကို သူများစားသွားပြီးလောက်​ပြီ...'

ဗီလိန်တစ်ယောက်၏ အတ္ထုပ္ပတ္တိDonde viven las historias. Descúbrelo ahora