ရုံမင်ရှီတစ်ယောက် သားရဲကမ္ဘာစီသို့ ဝိဉာဉ်ကူးပြောင်းခံလိုက်ရတယ် အဲ့ဒီ့နောက်မှာတော့ သားရဲကမ္ဘာကလူတွေကြားမှာ ပျံ့နှံ့နေတဲ့ ပုံမှန်မဟုတ်တဲ့အရူးအမူးဖြစ်စဉ်တွေကို သူရှာဖွေသိရှိလာခဲ့တယ်
ဥပမာ - သူတို့ရဲ့စိတ်အခြေအနေတွေကပုံမှန်မဟုတ်ပဲ စိတ်လှုပ်ရှားမှုလွန်ကဲလာတဲ့အခါမှာတော့ သူတို့တွေက ရက်စက်ကြမ်းကြုတ်တဲ့သားရဲတွေ အသွင်ကိုကူးပြောင်းသွားကြတယ်
အကယ်၍ သူတို့ရဲ့စိတ်အခြေအနေတွေက ပုံမှန်မဟုတ်ဘဲ ပုံမှန်အောက်နိမ့်ကျနေမယ်ဆိုရင် သူတို့က သူတို့ရဲ့မူလသားရဲ၏အကောင်ငယ်လေးအသွင်ကို ကျုံ့ဝင်ပြီးကူးပြောင်းသွားကြတယ်ထိုကဲ့သို့သောဖြစ်စဉ်ကို စွမ်းအင်ကျောက်တုံးတွေနဲ့ ကုသနိုင်တယ် ဒါပေမယ့် ၎င်းစွမ်းအင်ကျောက်တုံးတွေက လက်နဲ့သေချာထွင်းထုပြီးသုံးမှ အသုံးဝင်တာဖြစ်တယ် ထွင်းထုထားတဲ့ သားရဲသဏ္ဍာန်က ပိုပြီးအသက်ဝင်လေ ကုသနိုင်စွမ်းနဲ့ အသုံးပြုနိုင်တဲ့အကြိမ်ကပိုတိုးလေဖြစ်တယ်
ရုံမင်ရှီရဲ့ ယခင်ဘဝတွင် သူရဲ့ဘိုးဘေတွေက လက်မှုပညာရှင်တွေဖြစ်ကြပြီး ထိုပညာနဲ့အသက်မွေးဝမ်းကြောင်းပြုကာ တိုးတက်ကြီးပွားချမ်းသာလာကြတာဖြစ်တယ် ထို့ကြောင့်ရုံမင်ရှီသည်လည်း လက်မှုပညာဘက်တွင် ကျွမ်းကျင်သူ တစ်ယောက်ပင်ဖြစ်သည်
ထို့နောက်မှာတော့ စတားကွန်ယက်ပေါ်တွင် စတိုးဆိုင်လေးတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး လက်ရာအလွန်ကောင်းမွန်တဲ့ ပန်းပုသေးသေးလေးတွေမြောက်များစွာကိုရောင်းချခဲ့တယ် ထိုစွမ်းအင်ကျောက်တွင် ထွင်းထုထားသည်မှာ လက်ရာမြောက်လှသောကြောင့် အင်ပါယာတစ်ခုလုံး၏ စိတ်အာရုံကိုပင်ဖမ်းစားနိုင်လေသည် သို့သော် စတိုးဆိုင်လေးသည် မည်မျှပင်အောင်မြင်ကာ ကျော်ကြားပါသော်လည်း စတိုးဆိုင်ပိုင်ရှင်မှာတော့ ငပျင်းလေးတစ်ယောက်သာဖြစ်သည်
![](https://img.wattpad.com/cover/278914448-288-k966014.jpg)
YOU ARE READING
သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅
RomanceAuthor(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own this novel. Credit to all Author and Translator.