- လက်မထပ်ရသေးသည့်သားရဲ
ကျောင်းအုပ် Stewart ကမိန့်ခွန်းတွေခြွေပြီးတာနဲ့ Rong Mingshi အားကောလိပ်ရှိဂျူနီယာတန်းဖြစ်ဖြစ်အဆင့်မြင့်အတန်းဖြစ်ဖြစ်မည်သည့်အတန်းမဆိုတက်ရောက်နိုင်ရန်ခွင့်ပေးခဲ့သည်။ ၎င်းတွင်အွန်လိုင်းမှနားထောင်ခြင်းသင်တန်းများ.l,အားလုံးလည်းပါဝင်သည်။ ထို့နောက်ရှည်လျားထွေပြားတဲ့ကျောင်းအုပ် Stewart ကကျောင်းသား Rong ရဲ့ ... လုံးဝိုင်းထိုင်ခုံကိုပုတ်လိုက်သည်။ “ ကျောင်းသား Rong၊ ဝင်္ကပါဘောလုံးကစိတ်စွမ်းအင်အမြင်အာရုံကိုမြှင့်တင်ပေးနိုင်ပေမယ့်အဆုံးမှာအကန့်အသတ်ရှိတယ်။ မင်းဒီသီအိုရီသင်တန်းတွေကိုလေးလေးနက်နက်နားလည်ဖို့လိုအပ်ပြီးဘာသာရပ်တွေနဲ့ပတ်သက်ပြီးတစ်ခုတည်းကိုသာဦးစားမပေးပါနဲ့ ”
ကျောင်းအုပ် Stewart ကထိုစကားများကိုပြောခဲ့ပြီး Rong Mingshi ကလည်းငြင်းစရာအကြောင်းမရှိပေ။
ကျားသစ်ငယ်လေးကကျောင်းအုပ်ကြီးရုံးမှထွက်လာပြီးစက်လုံးထိုင်ခုံကိုမောင်းထုတ်လာခဲ့သည်။ သူကသူ့ဆီကိုပို့လိုက်တဲ့အချိန်ဇယားကိုဖွင့်လိုက်ပြီးမာစတာထွင်းထုအတန်းကသုံးရက်ကြာမှဖွင့်မှာကိုတွေ့လိုက်ရတယ်... စာကြည့်တိုက်ကိုလည်းဖွင့်လှစ်ချိန်သတ်မှတ်ထားတာကြောင့်သူရက်အနည်းငယ်စောင့်ရမည်ဖြစ်တယ်။
မည်သည့်အတန်းသားမှမဟုတ်သေးသည့်ကျားသစ်ငယ်လေးဟာဂိုထောင်ထဲသို့ချော်တောငေါ့သွားခဲ့ပြီးကောလိပ်ကအွန်လိုင်းသီအိုရီသင်တန်းကိုနားထောင်နေရင်းဂိုထောင်မှအကူစက်ရုပ်တစ်စုနှင့်ရောနှောသွားခဲ့သည်။
ထိုအချိန်၌အိမ်ထိန်း Baba ကဂိုဒေါင်၌အချိန်ပိုင်းအလုပ်လုပ်နေခဲ့ပြီးသူကကျားသစ်လေးရဲ့မနီးမဝေးမှာရှိနေတာကြောင့်မြင်နိုင်လေသည်။ ကျားသစ်လေးကသီအိုရီအတန်းရဲ့ဗီဒီယိုကိုကြည့်နေစဉ်စက်လုံးထိုင်ခုံကအကူစက်ရုပ်အုပ်စုနောက်မှလိုက်ကာဟိုသွားဒီသွားဖြစ်နေသည်ကိုလွှတ်ထားလေသည်။
သူကသိသိသာသာအလွန်စိတ်သက်သာရာရကာရွှင်လန်းနေသော်လည်းအိမ်ထိန်းကတော့ကွဲပြားခြားနားတဲ့ခံစားချက်တစ်ခုကိုရရှိခဲ့သည်။
YOU ARE READING
သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅
RomanceAuthor(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own this novel. Credit to all Author and Translator.