Chapter - 15 [Uni]

8.2K 1.1K 21
                                    

- ဗိုလ်ချုပ်ကြီး၊ကျေးဇူးပြုပြီးထိုင်ပါ။

ကျားသစ်လေးရဲ့နူးညံ့တဲ့အသံလေးကအိပ်ပျော်နေတဲ့အနက်ရောင်နဂါးကြီးကိုမနိုးစေခဲ့ပါဘူး။ သူ့မျက်လုံးတွေကိုမှိတ်ထားဆဲဖြစ်ပြီး‌နှစ်ခြိုက်စွာအိပ်ပျော်နေပုံရတယ်။

ကျားသစ်ငယ်လေးကသူ့လက်ကိုအသာလေးပြန်ရုတ်လိုက်တယ်။ သူကနဂါးကြီး Aojia ရဲ့အတောင်အောက်ကိုတိုးဝင်သွားပြီးနဂါးနက်ကြီးကိုမှီထားလိုက်တယ်။ ဒါကသိပ်မပျော့ပြောင်းပေမယ့်အရမ်းနွေးထွေးလို့နေခဲ့တယ်။ သူကသူ့လက်ဖောင်းဖောင်းလေးတွေကိုခေါင်းဦးကာမျက်လုံးတွေကိုမှိတ်လိုက်တော့တယ်။

သူနောက်တခါဆိုရင်တော့အိပ်ပျော်နေတဲ့နဂါးနက်ကြီးပုံစံထွင်းထုနိုင်လောက်ပြီ...

ဟောက်သံလေးတွေ၊ အနည်းငယ်လှုပ်ရှားနေတဲ့ဗိုက်၊အတောင်ပံလေးတွေ၊ အိပ်ပျော်နေစဉ်အမြီးကိုဆုပ်ကိုင်ထားတဒ့နဂါးခြေသည်းတွေရယ်က နဂါးနက်ကြီးကိုချစ်စရာကောင်းတဲ့ပုံလေးဖြစ်နေလေတယ်...

သူ့ရဲ့အမွှေးပွအမြီးလေးကနဂါးကြီးရဲ့လည်ပင်းပေါ်မှာအံဝင်ခွင်ကျဖြစ်နေသည် ဟုအတွေးလိုက်မိသောကြောင့်ကျားသစ်လေးရဲ့မျက်နှာပေါ်မှာလှပတဲ့အပြုံးလေးပေါ်ပေါက်လာခဲ့တယ်။ ကျားသစ်လေးရဲ့ဟောက်သံတိုးတိုးလေးကိုကြားပြီးနောက်နဂါးကြီးရဲ့မျက်လုံးများကပွင့်လာခဲ့တယ်။ သူကခေါင်းကိုလှည့်ကာသူ့အတောင်အောက်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတဲ့ကျားသစ်လေးကိုကြည့်လိုက်တယ်။

အဲဒီအချိန်မှာပဲအစောင့်တပ်မှုး ခေါင်းဆောင် Calant ကဝင်လာဖို့ခွင့်တောင်းခဲ့တယ်။ Aojia ကအသံရဲ့ဦး တည်ရာကိုတစ်ချက်ကြည့်လိုက်ပြီး Calant အားဝင်ခွင့်ပြုလိုက်တယ်။ အတင်းအဖျင်းပြောလိုတဲ့ဆန္ဒတွေပြည့်နေသူ Calant ကတံခါးကိုတွန်းဖွင့်လိုက်တဲ့အခါသူရှော့ခ်ရသွားတယ်။

ခန့်မှန်းခြေအားဖြင့်နှစ်မီတာခန့်ရှည်တဲ့အနက်ရောင်နဂါးကြီးကအခန်းရဲ့အလယ်ဗဟိုကမြေပြင်ပေါ်တွင်လဲလျောင်းနေကာသူ့ရဲ့ခေါက်ထားတဲ့အတောင်ကအိပ်ပျော်နေတဲ့ကျားသစ်လေးပေါ်မှာညင်ညင်သာသာလေးတင်ထားတာပဲဖြစ်တယ်။ သူကဤမျှငြိမ်သက်ကာတည်ငြိမ်အေးချမ်းနေတဲ့သူတို့ Boss ရဲ့အခြေအနေကိုသူတစ်ခါမှမမြင်ဖူးခဲ့ပေ။

သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅Where stories live. Discover now