- မစိုးရိမ်ပါနဲ့၊ ကိုယ့်မှာသတ္ထုတွင်းရှိတယ်။
သားရဲပေါက်လေးရဲ့ တစ်ကိုယ်လုံးကမဲတူးနေပြီး မနေ့ကငှက်မွှေးတချို့လည်းကပ်နေသေးတာကိုတော့ ထိုအကောင်ပေါက်လေးမသိပေ။ Aojia ကသားရဲလေးစီလျှောက်လာခဲ့ပြီးထိုအကောင်လေးရဲ့ဘေးမှာထိုင်လိုက်တယ်။
Rong Mingshi ကဖုန်ခါနေရင်းမှလန့်သွားပြီးအနောက်ကိုခုန်ဆုတ်လိုက်မိတယ်။ ဒီလူကြီးပြန်လာတာကသူကိုအနည်းငယ်အံ့သြသွားစေခဲ့တယ်။ လူကြီးကနဂါးခြေသည်းတွေနဲ့ကုတ်ထားခဲ့တဲ့အ၀တ်တွေကိုဝတ်ထားဆဲဖြစ်ပြီး သွေးများပင်စွန်းထင်းနေသေးတယ်။
Rong Mingshi ကဒီလူကြီးရဲ့အသွင်အပြင်ကို ယခုမှသာ တကယ်မြင်ရတာဖြစ်တယ်။ မနေ့ကကောင်းကင်ကအရမ်းမှောင်နေပြီး ဒီလူကြီးရဲ့မျက်နှာမှာသွေးတွေကစွန်းနေခဲ့တယ်။ သန့်စင်ပြီးတဲ့အခါမှသာ ထက်မြက်ပြီးချောမောတဲ့မျက်နှာကပေါ်လာခဲ့တယ်။ မနေ့ကသူ့ကိုယ်သူနှိပ်စက်ထားတာကြောင့် သူ့မျက်နှာကအနည်းငယ်ဖျော့တော့နေပေမယ့် ပုံမှန်အသားဖြူသလိုလေးဖြစ်လို့နေတယ်။
ဖြူဖျော့နေတဲ့ မျက်နှာနဲ့ စုတ်ပြဲနေတဲ့အကျီကို ဝတ်ဆင်ထားသော်လည်း စွမ်းအားရှင်တစ်ယောက်လိုမျိုးအရှိန်အဝါတွေထွက်ပေါ်နေဆဲဖြစ်တယ်။ ထိုလူကြီးထိုင်ချလိုက်တဲ့အချိန်မှာ Rong Mingshi ကသူ့ကိုဖမ်းဖို့ကြိုးစားနေတယ်လို့ထင်ခဲ့တယ်။ Aojia က သားရဲပေါက်လေးရဲ့တုံ့ပြန်မှုကိုမြင်ပြီးသူမျက်လုံးထဲ၌အပြုံးအနည်းငယ်ပေါ်လာတယ်။ သူကလက်တစ်ဖက်ကိုကျားသစ်လေးစီဆန့်ထုတ်လိုက်ပြီးမိတ်ဆက်လိုက်တယ်။ “ ကိုယ့်နာမည်က Aojiaပါ။ မင်းနာမည်ရော ဘယ်လိုခေါ်လဲ ?"
ဒီမေးခွန်း ..... ကျားသစ်ပေါက်လေးကဘယ်လိုဖြေရမှန်းမသိသလိုသူကဖြေလည်းမဖြေနိုင်ခဲ့ဘူး။
သူ့ကိုအရင်ဘဝတုန်းက Rong Mingshi လို့ခေါ်ခဲ့ပေမယ့်သားရဲတစ်ကောင်အဖြစ်ပြန်လည်မွေးဖွားလာပြီးနောက် ဘယ်သူကမှသူ့ကိုနာမည်မပေးခဲ့ဘူး။ မြို့စား လို့ခေါ်တဲ့သူ့အဖေကလည်းသူ့ကိုစက်ရုပ်အိမ်ထိန်းဆီလွှဲပြောင်းပေးခဲ့တယ်။ အဲဒီ့နောက်မှာတော့အိမ်ထိန်းကသူ့ကိုသခင်လေးလို့ပဲအမြဲခေါ်ခဲ့တာ။
YOU ARE READING
သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅
RomanceAuthor(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own this novel. Credit to all Author and Translator.