CHAPTER 75
Rong Mingshi သည် ကြယ်ဒင်္ဂါးပေါင်းများစွာအတွက် အလွန်အမင်းစိုးရိမ်ပူပန်နေပြီး တပြိုင်နက် စစ်တပ်၏အမှာစာကိုလည်း ဆက်လက်လုပ်ဆောင်ခဲ့သည်။ သူ့ရဲ့အလုပ်လုပ်သည့်အရှိန်က သူမူးနေချိန်လောက် မမြန်ပေမယ့် သက်ရောက်မှုကတော့ အတူတူပါပဲ။ ကျားသစ်လေးရဲ့ တည်တည်ကြည်ကြည်ဖြင့် ရိုးသားသည့်ပုံပန်းသဏ္ဍာန်လေးက သခင်များအား စိုးရိမ်ပူပန်စေကာ သူတို့နှလုံးသားထဲတွင် သံသယများကို ထုတ်ဖော်ပြသခဲ့ကြသည်။
"ကျားသစ်ဆရာသခင်၊ မင်းဒီနေ့ အရက်မသောက်ဘူးလား"
ကျားသစ်လေးကတော့ ခေါင်းပင်ထောင်မကြည့်ဘဲ ပြန်ဖြေလိုက်တယ်။ "ကျွန်တော်သောက်မှာမဟုတ်ဘူး။ Aojia ပြန်လာတာကိုစောင့်နေဦးမယ်။"
Aojia ရဲ့အကြည့်အောက်မှာဆိုရင် သူစုဆောင်းထားတဲ့ စုဆောင်းငွေအားလုံးကို သူသုံးမိမှာမဟုတ်ဘူး။ ဆရာသခင်များသည် ဗိုလ်ချုပ်ကြီး၏အမည်ကိုကြားပြီးတဲ့အခါ ကျားသစ်လက်ပုံသဏ္ဍာန်စက်ကိရိယာပေါ်မှ သူတို့ရဲ့ တောက်လောင်သောအကြည့်များသည် ကျားသစ်လေး၏ အမွေးပွနေသောခေါင်းလေးထက်သို့ ရောက်ရှိသွားကြပြီး တည်ငြိမ်စွာမေးလိုက်ကြသည်။ “ဗိုလ်ချုပ်ကြီးက ပြန်လာနေပြီလား”
ကျားသစ်ငယ်လေးသည် ပိန်ညင်းငှက်(kingfisher)ကို သူ၏ခြေလက်လေးများအောက်၌ ဆက်လက်ထွင်းထုကာ ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်။”
အမှန်မှာ ပိန်ညင်းငှက်သည် ထွင်းရခက်ခဲပြီး ၎င်းသည် ယခင်ကထွင်းခဲ့သည့်ဒေါင်းနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ အမွေးအတောင်များမှာ ဒေါင်းကဲ့သို့ လှပပြီးတင့်တယ်၏။ ၎င်း၏နောက်ကျောနှင့် မျက်နှာရှိ အမွေးအတောင်များက အပြာရောင်တောက်နေပြီး ၎င်း၏ဝမ်းဗိုက်ရှိ အမွေးအမျှင်များသည် အနီရောင်သစ်အယ်သီးကဲ့သို့ရဲရဲတောက်နေသည်။ အလွှာတိုင်းက ကွဲပြားခြားနားပြီး အမွေးအတောင် တစ်ခုစီတွင် ၎င်း၏ကိုယ်ပိုင် ပုံပန်းသဏ္ဍာန်ရှိကြသည်။
Rong Mingshi သည် သားကောင်များအလယ်တွင် ပိန်ညင်းကို ထွင်းထုထားသည်။ ဖြန့်ကြက်ထားသော အတောင်ပံများသည် ရေမှုန်အမွှားများနှင့် ဖုံးလွှမ်းနေပြီး ပိန်ညင်းငှက်မှာ ရေပေါ်တွင်ပျံသန်းနေသည့်သဏ္ဍာန်ပေါက်စေသည်။ ငှက်၏ အပြာရောင် အမွေးများသည်လည်း အရောင်အသွေးစုံလင်စွာဖြင့် တောက်ပလျက် ရှိသည်။ ငှက်၏အနီရောင်နှုတ်သီးရှည်သည် ရေထဲမှဖမ်းမိသော အစိမ်းရောင်ပုဇွန်တစ်ကောင်ကို သယ်ဆောင်လို့နေသည်။ ၎င်းမှာနူးညံ့ပြီး တလက်လက်လည်းတောက်ပနေသည်။
YOU ARE READING
သားရဲကမ္ဘာရဲ့ နံပါတ်ဝမ်းကုန်သည်ငပျင်းလေး [ဘာသာပြန်] Complete ✅
RomanceAuthor(s) - Metasequoia 水杉 Mm translator - Dora_lucy Total chapter - 90 Chapters Start date - 26.7.2021 I don't own this novel. Credit to all Author and Translator.